သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဇက်စတန်ခေါင်းဆောင်ဟောင်းရဲ့တူဆီက သန်းရာချီကျော်တန် ကျောက်မျက်တွေ သိမ်းဆည်း 


Kazakhstan flag
Kazakhstan flag


[[Zawgyi/Unicode]]

ကာဇက်စတန်နိုင်ငံ ခေါင်းဆောင်ဟောင်း နာဆူလ်တန် နာဇာဘယက် Nursultan Nazarbayev ရဲ့တူတယောက်ဆီက အမေရိကန် ဒေါ်လာ သန်း ၂၃၀ ကျော်တန် ကျောက်မျက်ရတနာတွေကို နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ဗုဒ္ဒဟူးနေ့က သိမ်းဆည်းလိုက်ပါတယ်။

စီမံချက်နဲ့ရှာဖွေစဉ် ခုလိုသိမ်းဆည်းမိခဲ့တာဖြစ်တယ်လို့ ဌာနရဲ့ကြေညာချက်က ဆိုပါတယ်။ ဘယ်လို ကျောက်မျက်ရတနာမျိုးတွေကို သိမ်းဆည်းရမိခဲ့သလဲဆိုတာကိုတော့ ဌာနက မပြောပါဘူး။ နာဇာဘယက်ရဲ့တူတော်သူ စီးပွါးရေးလုပ်ငန်းရှင် Kairat Satybaldy (ကိုင်ရတ် စက်တီဘော်ဒီ) အပေါ် စုံစမ်းစစ်ဆေးမှုအသစ်လုပ်ရာက ခုလိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ AFP သတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။

သူနိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာသန်း ၃၀၀ လည်း နိုင်ငံ့ဘဏ္ဍာထဲ ပြန်ရောက်လာပါလိမ့်မယ်လို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ပြောပါတယ်။ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းဆီက ငွေကြေးလိမ်လည်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ မတ်လထဲက Satybaldy ကို ဖမ်းဆီးထားပြီး စက်တင်ဘာလက သူ့ကို ထောင်ဒဏ် ၆ နှစ်ချခဲ့ပါတယ်။

သူ့ရဲ့ ဦးလေးတော်သူ အခုအသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ခေါင်းဆောင်ဟောင်း နာဇာဘယက်ဖ် ဟာ ခု ၁၉၉၁ ကနေ ၂၀၁၉ အထိ ကာဇက်စတန်နိုင်ငံကို ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG