သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦးထက်မနည်းရှိ


တရုတ်နိုင်ငံမှာ ပြင်းအား ၆.၈ စကေးငလျင်ကြောင့် ဘေးတွေ့နေသူတွေကို ကူညီကယ်ဆယ်နေပုံ။ (စက်တင်ဘာ ၆၊ ၂၀၂၂)
တရုတ်နိုင်ငံမှာ ပြင်းအား ၆.၈ စကေးငလျင်ကြောင့် ဘေးတွေ့နေသူတွေကို ကူညီကယ်ဆယ်နေပုံ။ (စက်တင်ဘာ ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

တရုတ်နိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး လူ ၇၄ ဦး ရှိလာနေပြီး ၂၆ ဦးထက်မနည်း ပျောက်နေပါသေးတယ်။

တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်မှာ အခုသီတင်းပတ် တနင်္လာနေ့က ရစ်ခ်ျတာစကေး ၆.၈ ရှိတဲ့ ငလျင်ကြောင့် နောက်ထပ်ဒဏ်ရာရသူ ၂၉ ယောက်အပါအဝင် ဒေသခံ ၃၀၀ လောက်ကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမှာဖော်ပြခဲ့ပါတယ်။

ငလျင်ဒဏ်ခံ စီချွမ်ပြည်နယ်မှာ အခု ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက ဆက်ပြီး ရှာဖွေနေတယ်လို့လည်း CCTV ရုပ်သံ မှာဖော်ပြခဲ့ပါတယ်။

တနင်္လာနေ့ နေ့လယ်ပိုင်းက စီချွမ်ပြည်နယ်၊ Luding ခရိုင် တောင်ထူထပ်တဲ့ဒေသမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ ပြည်နယ်မြို့တော် Chengdu မှာလည်း မြေပြိုတာရှိခဲ့တယ်လို့ CCTV မှာ ဆက်ဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ် ပျက်စီးနေတဲ့လမ်းတွေကို ပြုပြင်နေသလို အပျက်အစီးတွေကြား ပိတ်မိနေတဲ့သူတွေကို ဘေးလွတ်ရာကယ်ထုတ်ပေးနေတယ်လို့ CCTV သတင်းမှာဖော်ပြနေပါတယ်။

၂၀၀၈ ခုနှစ်တုန်းကတော့ Sichuan ပြည်နယ်မှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၉ ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၉ သောင်းနီးပါး သေဆုံးခဲ့ရပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]









XS
SM
MD
LG