သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မျက်နှာပုံရိပ်ဖမ်း တရုတ်ကင်မရာတွေ တပ်ဆင်ထောက်လှမ်း  


တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ မျက်နှာပုံရိပ်ဖမ်း Facial recognition နည်းပညာသုံး တရုတ်နိုင်ငံလုပ် ကင်မရာတလုံးကို ဆားဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်ဒ်မြို့ လမ်းဘေးမီးတိုင်မှာ တပ်ဆင်ထားပုံ။ (ဇူလိုင် ၁၇၊ ၂၀၁၉ )
တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ မျက်နှာပုံရိပ်ဖမ်း Facial recognition နည်းပညာသုံး တရုတ်နိုင်ငံလုပ် ကင်မရာတလုံးကို ဆားဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်ဒ်မြို့ လမ်းဘေးမီးတိုင်မှာ တပ်ဆင်ထားပုံ။ (ဇူလိုင် ၁၇၊ ၂၀၁၉ )


[[Zawgyi/Unicode]]

မြန်မာနိုင်ငံတဝန်းမြို့ကြီးတွေမှာ မျက်နှာပုံရိပ်ဖမ်း Facial recognition နည်းပညာသုံး တရုတ်နိုင်ငံလုပ် ကင်မရာတွေ တပ်ဆင်နေတဲ့အကြောင်း ဒီကိစ္စကို တိုက်ရိုက်သိပြီး ပါဝင်ပတ်သက်တဲ့ သူ ၃ ဦး ပြောပြတာကို ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက မော်လမြိုင်အပါအဝင် အနည်းဆုံး အဓိက မြို့ကြီး ၅ မြို့မှာ အလားတူ စောင့်ကြည့်တဲ့ကင်မရာတွေ တပ်ဆင်နေတယ်လို့လည်း အမည်မဖေါ်လိုသူ ၃ ဦးက ပြောဆိုပါတယ်။

အရင် NLD အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ မြို့ကြီး ၅ မြို့မှာ ရာဇတ်မှုတိုက်ဖျက်ရေး လုံခြုံ ကင်ရာ တပ်ဆင်မယ့်အစီအစဉ်ကို ထပ်မံတိုးချဲ့တာလို့လည်း ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာတော့ ဒီစနစ်ကို တပ်ဆင်ပြီးသွားပြီလို့ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး စောခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

"လုံခြုံရေးဆိုတာကတော့ ဒီ ကရင်ပြည်နယ်၊ ဘားအံမြို့လည်းပါတယ်။ ဘားအံမြို့ကတော့ တပ်ထားပြီးပါပြီ။ လမ်းဆုံတွေမှာ။ ဟုတ်ကဲ့ Run နေပြီ။ Main မှာထိုင်ပြီးကြည့်ရင် အားလုံး သိရတာပေါ့။"

ဒီစနစ်ကိုတပ်ဆင်ဖို့ တင်ဒါအောင်ခဲ့တဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုကတော့ Fisca လုံခြုံရေးကုမ္ပဏီနဲ့ နောင်ရိုး နည်းပညာကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုအတွက် လိုအပ်တဲ့ကင်မရာနဲ့ ဆက်စပ်နည်းပညာ အပိုပစ္စည်းတွေကို တရုတ်လုပ်ငန်းကြီးဖြစ်တဲ့ Zhejiang Dahua Technology၊ Huawei နဲ့ Hikvision ကုမ္ပဏီတွေဆီကနေ ရရှိနေတာလို့ ရိုက်တာသတင်းဌာနက အမည်မဖော်လိုသူတွေကို ကိုးကားပြီး ရေးသားထားပါတယ်။ မြို့နယ်တခုမှာ ကင်မရာအလုံး ၂၀၀ ဝန်းကျင်လောက် တပ်ဆင်သွားဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက အမည်မဖော်တဲ့ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရကရော၊ မြူနီစီပယ် အုပ်ချုပ်ရေးရုံး ၁၀ ရုံးကရော ရိုက်တာ သတင်းဌာနရဲ့ အမေးကို တုံ့ပြန်ဖြေဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]







XS
SM
MD
LG