သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၇ နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် ရွေးကောက်ပွဲဝင်မည်


ရွေးကောက်ပွဲပြန်ဝင်မယ့် ၉၇ နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်။ (သြဂုတ် ၁၉ ၊ ၂၀၂၂)
ရွေးကောက်ပွဲပြန်ဝင်မယ့် ၉၇ နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်။ (သြဂုတ် ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

အသက် ၉၇ နှစ် ရှိပြီဖြစ်တဲ့ မလေးရှားခေါင်းဆောင်ဟောင်း မဟာသီယာ မိုဟာမက်က ရွေးကောက်ပွဲဝင်မယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ အာဏာရ မလေးပါတီအနိုင်ရရှိခဲ့ရင် လာဘ်စားမှုနဲ့ အဖမ်းခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Najib Razak ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့လည်း မဟာသီယာက ဆိုပါတယ်။ မဟာသီယာဟာ လက်ရှိ သူ့ မဲဆန္ဒနယ်ကပဲ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

လက်ရှိဝန်ကြီးချုပ် Ismail Sabri Yaakob က ပါလီမန်ကို တနင်္လာနေ့က ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ မလေးအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ UMNO ပါတီဟာ ညွန့်ပေါင်းဖွဲ့ထားတဲ့ပါတီတွေနဲ့ သဘောထားကွဲပြီး သူ့ပါတီတခုတည်းက အနိုင်ရရှိနိုင်တယ်လို့ယူဆတဲ့အတွက် ရွေးကောက်ပွဲခေါ်ခဲ့တာပါ။ ပါလီမန်ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကျင်းပရမှာ ဖြစ်ပါတယ်။ ဒီ အပတ်အတွင်းမှာ ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာမယ်လို့ မျှော်လင့် ထားကြပါတယ်။ မဟာသီယာကိုယ်တိုင်ကလည်း UMNO ပါတီ ရဲ့ ပါတီဝင်အဖြစ် နှစ်ပေါင်း ၂၂ နှစ် ဦးဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ နားခဲ့တာဖြစ်ပါတယ်။

နာဂျစ်ဘ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာ နိုင်ငံတော် ရံပုံငွေတွေကို အလွဲသုံးစား ပြုခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ မဟာသီယာက ရွေးကောက်ပွဲ ပြန်ဝင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး မဟာမိတ်အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ၂ နှစ်အကြာမှာ သူ့ရဲ့ မဟာမိတ်အဖွဲ့ထဲပါခဲ့ကြတဲ့အမတ်တချို့က ဘက်ပြောင်းသွားကြတာကြောင့် မဟာသီယာရဲ့အစိုးရပြုတ်သွားပြီး UMNO အာဏာပြန်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လက အယူခံရှုံးတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ဟာ ထောင်ဒဏ် ၁၂ နှစ်ကျခံရပြီး UMNO ပါတီလိုပဲ တခြားအမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အတိုက်အခံက အားနည်းဖရိုဖရဲ ဖြစ်နေတယ်လို့ ယူဆတဲ့အတွက် UMNO က ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယူဆတာ ဖြစ်ကြောင်း မဟာသီယာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG