သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဒေသတွင်းလုံခြုံရေးထိခိုက် (မလေးရှားဝန်ကြီးချုပ်) 


မလေးရှားဝန်ကြီးချုပ် Anwar Ibrahim
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခအကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ လက်တွဲ အလုပ်လုပ်လာစေဖို့သိမ်းသွင်းနိုင်ရေးမှာ နည်းလမ်းသစ်တွေလိုနေတယ်လို့ သူကဆိုပါတယ်။

“အရင်က အတွေ့အကြုံတွေနဲ့ပြောရရင် ကျနော် အဲဒီလိုပဲအကြံပြုမှာပါ။ မြန်မာစစ်အာဏာပိုင်တွေကို အာဆီယံထဲမှာပဲ အသင်းအဖွဲ့ဝင်အဖြစ်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ နားချနိုင်ရေးက နည်းလမ်းအသစ်တွေ ရှာဖို့လိုပါတယ်။ မြန်မာ့အရေးက ပြည်တွင်းရေးသက်သက်လို့ စဉ်းစားလို့ မရတော့ပါဘူး။ ဒေသတခုလုံးရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေလို့ပါ” လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က မနီလာခရီးစဉ်မှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မာကိုစ်ဂျူနီယာတွေ့ဆုံပြီး အဲဒီလို ပြောသွားတာပါ။

ဖိလစ်ပိုင်သမ္မတက ထပ်မံသတိပေးပြောဆိုခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်တဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတာကိုလည်း မလေးရှားဝန်ကြီးချုပ်က ထောက်ခံသဘောတူတယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကမောက်ကမ မျိုးစုံ ကြုံတွေ့နေပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပြိုင်ဘက်တွေကို ချေမှုန်းရာမှာ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ စွပ်စွဲထားပေမယ့် စစ်ခေါင်းဆောင်တွေကတော့ တိုင်းပြည်ကို ဖျက်ဆီးဖို့ကြံစည်နေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းတာလို့ ဖြေရှင်းလေ့ရှိပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ပြည်တွင်းရေးကို လက်ရှောင်လေ့ရှိတဲ့ မူဝါဒကို ကာလကြာရှည်ကိုင်ဆွဲထားပေမယ့် တဘက်မှာလည်း အာဏာသိမ်းပြီးခါစကတည်းက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် သဘောတူညီချက်ကို မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်တာမရှိခဲ့လို့ အာဆီယံဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

အာဆီယံရဲ့အဆင့်မြင့်အစည်းအဝေးတွေကို မြန်မာစစ်ဗိုလ်ချုပ်တွေကို တက်ခွင့်ပိတ်ပင်ထားသလို မလေးရှားနိုင်ငံကလည်း စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။

မြန်မာစစ်အစိုးရဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ တုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}










ဆက်စပ်သတင်းများ ...

XS
SM
MD
LG