သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ကမ္ဘာမှာ တရားဥပဒေစိုးမိုးမှုကျဆင်းလာကြောင်း ကုလအတွင်းရေးမှူးချုပ် သတိပေး 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres 

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့နောက် အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ကြီးမားတဲ့လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ရင်ဆိုင်လာရတာကို ဥပမာအဖြစ်ကြည့်ပြီး အရေးပါတဲ့တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

ကမ္ဘာတလွှားမှာကြည့်ရင် ရုရှားက ယူကရိန်းကိုဝင်ကျူးကျော်တာ၊ အာဖရိက Sahel ဒေသမှာ အာဏာသိမ်းမှုဖြစ်ပွါးတာ၊ မြောက်ကိုရီးယားက တရားမဝင် နျူကလီယားလက်နက်ထုတ်ဖို့လုပ်နေတာနဲ့ အာဖဂန်နစ္စတန်မှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေရဲ့ ရပိုင်ခွင့်တွေ မကြုံစဖူး ပြင်းပြင်းထန်ထန် အတိုက်ခိုက် ခံနေရတာတွေ တွေ့နေရပြီး တရားဥပဒေစိုးမိုးမှုအတွက် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်တာပါ။

မြန်မာအပြင် ဟေတီမှာလည်း အစိုးရအုပ်ချုပ်မှုယန္တရားအတွက် ကြုံရတဲ့ပြဿနာနဲ့အတူ တရားဥပဒေ စိုးမိုးမှု အားနည်းမှုကနေ ကျယ်ပြန့်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ၊ ရာဇဝတ်မှု၊ အဂတိလိုက်စားမှုနဲ့ နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတဲ့ ရာဇဝတ်မှုတွေတိုးလာနေတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေက အင်အားအလွန်အကျွံသုံး နှိမ်နင်းမှုတွေနဲ့ နျူကလီယားလက်နက်ထုတ်တာတွေလို နိုင်ငံတကာဥပဒေကို ချိုးဖေါက်နေပေမယ့် အပြစ်ပေးမခံရပဲ ကင်းလွတ်ခွင့် ဆက်ရနေချိန်မှာဘဲ ကမ္ဘာတလွှားမှာရှိတဲ့ နေရာတိုင်းက အရပ်သားလူထုဟာ ပဋိပက္ခတွေကြောင့် အသတ်ဖြတ်ခံရတာ၊ ဆင်းရဲတွင်းနက်လာတာနဲ့ ငတ်မွတ်မှုတိုးလာတာအပါအဝင် ဒုက္ခမျိုးစုံကို ခံစားနေရတယ်လို့လည်း အတွင်းရေးမှူးချုပ်က ကုလလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG