သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမြေပြိုမှု ၁၆ ဦးသေဆုံး 


မလေးရှားနိုင်ငံ မြေပြိုမှုမြင်ကွင်း။ (Foto: Korporat JBPM/via REUTERS)
မလေးရှားနိုင်ငံ မြေပြိုမှုမြင်ကွင်း။ (Foto: Korporat JBPM/via REUTERS)

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံ ကွာလ္လာမ်ပူမြို့ပြင်မှာရှိတဲ့ ညအိပ်စတည်းချခရီးထွက်သူတွေကြား ရေပန်းစားတဲ့နေရာမှာ ဒီနေ့ သောကြာနေ့မနက်က ရုတ်တရက် မြေပြိုကျခဲ့တဲ့အတွက် ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ပျောက်ဆုံးနေတယ်လို့ မလေးရှားတာဝန်ရှိသူတွေကပြောပါတယ်။

“နေ့လယ် ၁ နာရီထိုးတဲ့အချိန်အထိ သိရှိရတဲ့စာရင်းတွေအရ မြေပြိုရာမှာထိခိုက်ခဲ့သူ စုစုပေါင်း ၉၄ ဦးရှိပါတယ်။ အဲဒီအထဲက ၆၁ ဦးကို ကျနော်တို့ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၁၆ ဦးသေဆုံးပြီးတော့ ၁၇ ဦးပျောက်ဆုံးနေတဲ့အတွက် ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်” လို့ ပြည်နယ်အစိုးရ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Nga Kor Ming ကပြောသွားတာပါ။

မြေပြိုကျခဲ့တဲ့ Selangor ပြည်နယ်ထဲက Batang Kali မြို့မှာ သဘာဝစိုက်ပျိုးရေးဥယျာဉ်တွေရှိပြီး ညအိပ်ညနေ အလည်ခရီးထွက်သူတွေ အသွားများတဲ့နေရာဖြစ်ပါတယ်။ ခရီးသွားမိသားစုတွေအိပ်ပျော်နေစဉ် ရုတ်တရက်အသံကျယ်ကြီးကြားခဲ့ရပြီး မြေပြိုကျခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ခရီးသွားတဦးက AFP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။ မြေကြီးတွေ၊ သစ်ပင်တွေဖုံးအုပ်ခံထားရတဲ့ကားတွေ၊ လူနေတဲ့တွေနဲ့ကယ်ဆယ်ရေးသမားတွေရှာဖွေတူးဆွနေတဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း လူမှုကွန်ယက်စာမျက်နှာမှာထွက်ပေါ်ခဲ့ပါတယ်။

ဒီခရီးသွားဥယျာဉ်လုပ်ငန်းဟာ မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် တရားရုံးက အပစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ရင် လုပ်ငန်းလုပ်ကိုင်နေသူအနေနဲ့ အပစ်ပေးအရေးယူခံရမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီး Nga Kor Ming ကပြောပါတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ နေရာပေါင်း ၁၅၅ နေရာက တာဝန်ရှိသူတွေကို အန္တရာယ်ရှိနိုင်တဲ့ခရီးသွားဥယျာဉ်လုပ်ငန်းတွေကို စစ်ဆေးပြီး တချို့ကို ပိတ်သိမ်းပစ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးကပြောဆိုပါတယ်။

မလေးရှားမြေပြိုမှု ၁၆ ဦးသေဆုံး.mp3
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

=================

မလေးရှားမွပွေိုမှု ၁၆ ဦးသဆေုံး





XS
SM
MD
LG