သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Toru Kubota ကို လဝကမှုနဲ့ ထောင်ဒဏ် ၃ နှစ်ထပ်ချ 


မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota (Photo: Toru Kubota's Facebook )
မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota (Photo: Toru Kubota's Facebook )

[[Zawgyi/Unicode]]

ဂျူလိုင်လက ရန်ကုန်မြို့ ဆန္ဒပြပွဲတခုမှာ မှတ်တမ်းရိုက်ယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို ထောင်ဒဏ် ၃ နှစ် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ချမှတ်လိုက်တဲ့အကြောင်း တရားရုံး သတင်းရင်းမြစ်တွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

Toru Kubota ကို တပ်မတော်ပြိုကွဲ အကြည်ညိုပျက်အောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မ ၃၃ (က) တို့နဲ့ တပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ဗုဒ္ဓဟူးနေ့က ပြစ်ဒဏ်ချခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ နောက်ထပ် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်တာပါ။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ရှိသွားပါပြီ။

ဒီကနေ့ စီရင်ချက်ချမှတ်ချိန်မှာ သူ့ကို ကျန်းကျန်းမာမာ တွေ့ရကြောင်း သူ့ရဲ့ရှေ့နေကို ကိုးကားပြီး သံတမန်သတင်းရင်းမြစ်တွေက ပြန်ပြောပြပါတယ်။ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရကလည်း မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။ သူ့ရဲ့အမှုတွေ စတင်စစ်ဆေးတဲ့ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ Toru Kubota တို့ တယ်လီဖုန်း ဆက်သွယ် စကားပြောခွင့်ရခဲ့ပေမဲ့ လူချင်းတွေ့ဆုံခွင့်တော့ မရသေးတဲ့အကြောင်း ဂျပန် သံအရာရှိတွေက ပြောဆိုထားပါတယ်။

Toru Kubota ဟာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မွတ်ဆလင်၊ ဒုက္ခသည်နဲ့ လူနည်းစုတိုင်းရင်းသားအရေးတွေနဲ့ပတ်သက်လို့ မှတ်တမ်းရုပ်သံတွေ ဖန်တီးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး အစောပိုင်း ဖမ်းဆီးခံရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ မြန်မာစစ်ကောင်စီက လပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG