သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေပိုင်နက်ကျူးကျော်မှုနဲ့လက်နက်ကြီးကျည်ကျမှု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပြင်းထန်စွာကန့်ကွက်


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ယ် နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့ အပြန်အလှန်ပန်းစည်းပေးအပ်နေစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ယ် နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့ အပြန်အလှန်ပန်းစည်းပေးအပ်နေစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်တွင်း မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကျရောက်ခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ခရိုင် Shah Parir Dwip အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ဧည့်ဂေဟာမှာကျင်းပနေတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးတွေရဲ့ ၅ နာရီကြာ အစည်းအဝေးမှာ ခုလို ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Star သတင်းစာက ပြောပါတယ်။ မြို့တော်ဒက္ကာမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Momen က လွှတ်တော် မေးခွန်းတွေကို ဖြေကြားရာမှာ မြန်မာအစိုးရကို တရားဝင် ကန့်ကွက်ခဲ့ရုံမက တရုတ်သံအမတ်ကြီးကိုလည်း အခုလို ဖြစ်ရပ်တွေအကြောင်း ပြောပြခဲ့တယ်လို့ ဖြေကြားသွားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် TBS သတင်းက ဆိုပါတယ်။

နယ်စပ်အစည်းအဝေးကို မြန်မာဘက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၇ ယောက် တက်ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၈ ယောက် တက်ခဲ့တယ်လို့ Anadolu အင်တာနက်စာမျက်နှာမှာ ရေးပါတယ်။

“ မြန်မာဘက်က ခုလို ဖြစ်ခဲ့တာတွေအတွက် ဝမ်းနည်းကြောင်းပြောဆိုပြီး နောက်နောင် မဖြစ်ရအောင် ကတိကဝတ်ပြုခဲ့ပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် အမှတ် ၂ တပ်မှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar က အစည်းအဝေးအပြီး နေ့လည် ၃ နာရီက ပြောကြောင်း Daily Star သတင်းက ဆိုပါတယ်။

နယ်ခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအတူ အလုပ်လုပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သူက ပြောပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ကိစ္စ ကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ခွဲထွက်ရေး အကြမ်းဖက်အုပ်စုက နယ်ခြားမှာ ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေတာဖြစ်တယ်လို့ မြန်မာဘက်က ပြောတာကို ဘယ်အကြမ်းဖက်အုပ်စုကိုမှ ဘင်္ဂလားဒေ့ရှ်ပိုင်နက် အသုံးပြုတာကို ခွင့်မပြုခဲ့ပါဘူးလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ငြင်းဆိုလိုက်ပါတယ်။ အစည်းအဝေးကို နှစ်ဘက် ဖော်ရွေပျူငှါစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် တပ်မှူး က ပြောပါတယ်။

=============

[[Unicode]]







XS
SM
MD
LG