သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အတွက် လူသားချင်းစာနာမှုအကူအညီ  ဒေါ်လာ ၄ ဘီလျံကျော် ထောက်ပံ့ရေး ကုလတောင်းဆို


Afghanistan Food insecurity Hunger
Afghanistan Food insecurity Hunger


[[Zawgyi/Unicode]]

အာဖဂန်နစ္စတန်မှာ အကြွင်းမဲ့ လူသားချင်းစာနာမှုအကူအညီ အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ ထောက် ပံ့ပေးဖို့အတွက် ကုလသမဂ္ဂက မနေ့က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ လူဦးရေ ၉ သန်းလောက် အစာရေစာ ငတ်မွတ်ခေါင်းပါးနေပြီး မိသားစုတွေဟာ အသက်ရှင်ရပ်တည်ဖို့ ကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းနေရတယ်လို့ ပြောပါတယ်။

အာဖဂန်နိုင်ငံရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၉ ဘီလျံကို ထိန်းချုပ်ထားပြီး ဖွံ့ဖြိုးရေး အစီအစဉ်တွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ် ချက်ရဲ့ ရိုက်ခတ်မှုဒဏ်ကနေ အာဖဂန်ပြည်သူတွေ လွတ်မြောက်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နည်းလမ်းရှာဖို့ လိုပါတယ်။ ပြည်သူတွေလက်ထဲ ငွေသား လည်ပတ်မှုတွေရှိပါမှ စီးပွားရေးအဆင်ပြေမှာဖြစ်ပြီး ပြည်သူတွေအတွက်လည်း စားစရာရှိမှာပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် Antonio Guterres က ပြောဆိုသွားတာပါ။

တာလီဘန်တွေ အာဏာရယူခဲ့တဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လနောက်ပိုင်း လူသားချင်းစာနာမှုအခြေအနေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ဆုတ်ယုတ်နေပြီး စီးပွားရေးလည်း ပျက်စီးပြိုကျနေတဲ့အကြောင်း နိုင်ငံတကာ အလှူရှင်တွေ ကတိကဝတ်ပြုရေး နိုင်ငံတကာ ညီလာခံအဖွင့်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုသွားတာပါ။

အာဖဂန်နစ္စတန်မှာ မိန်းခလေးငယ်တွေကို မူလတန်းအပြီး ပညာဆက်သင်ခွင့် တာလီဘန်တွေက ပိတ်ပင်ထားတာကြောင့် အလှူရှင်နိုင်ငံတွေရဲ့ ဆန္ဒအတိုင်း ခွဲခြားမှုမရှိဘဲ အားလုံးအတွက် ကျောင်းတွေဖွင့်ခွင့်ပေးဖို့ တာလီဘန်တွေကို ကုလ အတွင်းရေးမှူးချုပ်က တောင်းဆိုသွားပါတယ်။

လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်း စားသောက်စရာ အလုံအလောက်မရှိဘဲ ဖြစ်နေပါတယ်။ လူဦးရေ ၉ သန်းလောက် အစားရေစာ ရှားပါးတဲ့ ဒဏ်ကို ခံနေရပါတယ်။ ကလေးငယ် ၁ သန်းလောက် အာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်တဲ့ အခြေအနေအထိ ရောက်နေတယ်ဆိုပြီး UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ခန့်မှန်းတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ဗွီဒီယိုမိန့်ခွန်းကတဆင့် ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






============

XS
SM
MD
LG