မြန်မာနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန် ရရှိပြီး တနှစ်အကြာမှာ ကျင်းပတာဖြစ်ပါတယ်။ မနက် (၆)နာရီကတည်းက နိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြတာပါ။ အခု ကြားဖြတ် ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD အပါအဝင် ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် နေရာ ၁၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အပါအဝင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၃ခုနဲ့ ရခိုင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း စတဲ့ ပြည်နယ် (၅)ခုမှာရှိတဲ့ မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတာပါ။
၂၀၁၇ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ သတင်းမှတ်တမ်းဓာတ်ပုံများ
၁၃
Voting began in Myanmar Saturday in by-elections
၁၄
Voting began in Myanmar Saturday in by-elections
၁၅
Voting began in Myanmar Saturday in by-elections
၁၆
Voting began in Myanmar Saturday in by-elections