အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်ကို ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် ဘယ်သူထိန်းချုပ်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေး၊ သမ္မတ ဂျိုးဘိုင်ဒန် ၄ နှစ်သက်တမ်းရဲ့ နောက်ပိုင်း တဝက်၊ ၂ နှစ် အုပ်ချုပ်မှုကာလအတွင်း အမေရိကန်နိုင်ငံရေးမှာ အခြေအတင်ဆွေးနွေးမှုတွေ ဘယ်လိုရှိလာမလဲဆိုတာ ဖော်ညွှန်းမယ့် သက်တမ်းဝက်ရွေးကောက်ပွဲတွေအတွက် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေ ၂၀၂၂၊ နိုဝင်ဘာလ ၈ ရက်နေ့က ဆန္ဒမဲ ပေးနေကြပါတယ်။
“၂၀၂၂ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲ” (၂၀၂၂၊ နိုဝင်ဘာ ၈)

၉
နိုဝင်ဘာ ၈ ရက်မနက်မှမဲပေးဖို့ အစောဆုံးရောက်လာသူတွေကတော့ မဲရုံတံခါးဖွင့်ဖွင့်ချင်း မဲပေးနိုင်ခဲ့ကြပါတယ်။ (ဘရွတ်ကလင်ပြတိုက်၊ နယူးယောက်)

၁၀
မယ်ရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ယှဉ်ပြိုင်သူ ဒန်ကော့စ်ကိုယ်တိုင် ဆပ်ဘီလ်စ်ဗေးလ် မူလတန်းကျောင်း မဲရုံကို ရောက်လာတော့ သူ့ကို ထောက်ခံသူတွေ ဝိုင်းကြိုနှုတ်ဆက်ခဲ့ကြပါတယ်။ (မယ်ရီလန်းပြည်နယ်)

၁၁
မဲပေးတဲ့နေရာမှာ ကိုယ်ထောက်ခံသူတွေကို မဲပေးနိုင်ဖို့ကိုတော့ မဲစာရွက်မှာ သေချာဖတ်ပြီး ဖြည့်စွက်ရတာပါ။ (ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့)