၂၀၂၄ နှစ်သစ်ကူးပြောင်းချိန်မှာတော့ ကမ္ဘာမှာ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲကြီးတွေ၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်အုပ်စိုးမှုနဲ့ ခုခံတွန်းလှန်သူတွေအကြား စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ အခြေအနေတွေက အရိပ်မိုးတွေပါတယ်။ ကမ္ဘာတလွှား ၂၀၂၄ နှစ်သစ်ကို ဘယ်လိုကူးပြောင်းကြိုဆိုကြလဲဆိုတာ ဓာတ်ပုံတွေက ပြောပြနေပါတယ်။
၂၀၂၄ နှစ်သစ်ကူး ကမ္ဘာတဝန်း ဆင်နွှဲ

၅
ထိုင်ဝမ်ကျွန်းမှာတော့ ထိုင်ပေမြို့တော် ၁၀၁ အဆောက်အဦကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကိုကြိုဆို ဆင်နွှဲခဲ့ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၆
ဟောင်ကောင်ကျွန်းမှာလည်း ဝိတိုရိယဆိပ်ကမ်း Victoria Harbour ကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကူးပြောင်းခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၇
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က နှစ်သစ်ကို ကြိုဆိုကြသူများ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၈
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဒေသရိုးရာမပျက် ဘာလီအကနဲ့ ကလေးတွေ ကပြဖျော်ဖြေပြီး နှစ်သစ်ကူးကြိုည ဆင်နွှဲမှုတွေ ကျင်းပခဲ့တာပါ။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃