၂၀၂၄ နှစ်သစ်ကူးပြောင်းချိန်မှာတော့ ကမ္ဘာမှာ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲကြီးတွေ၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်အုပ်စိုးမှုနဲ့ ခုခံတွန်းလှန်သူတွေအကြား စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ အခြေအနေတွေက အရိပ်မိုးတွေပါတယ်။ ကမ္ဘာတလွှား ၂၀၂၄ နှစ်သစ်ကို ဘယ်လိုကူးပြောင်းကြိုဆိုကြလဲဆိုတာ ဓာတ်ပုံတွေက ပြောပြနေပါတယ်။
၂၀၂၄ နှစ်သစ်ကူး ကမ္ဘာတဝန်း ဆင်နွှဲ

၂၁
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကီးဝက်စ်နယ်ရဲ့ ထုံးစံဖြစ်တဲ့ နှစ်သစ်ကူးပြောင်းချိန် ဧရာမဒေါက်ဖိနပ်နီကြီး မိုးပေါ်က ကျလာတဲ့အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးလိုဝတ်ဆင်ထားသူ ခရစ္စတိုဖာ ပီတာဆန် ဖိနပ်ကြီးထဲမှာ ဝင်နေခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄

၂၂
နယူးရောက်မြို့တော် တိုင်းမ်စ်စကွဲ ရင်ပြင် နှစ်သစ်ကူးကြိုပွဲတော်မှာတော့ နှစ်သစ်ကိုကူးပြောင်းချိန် ည ၁၂ တိတိ ရောက်ပြီဆိုတာနဲ့ ကောင်းကင်ကနေ ရောင်စုံစက္ကူစတွေ ကျဲဖြန့်ချခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄