ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလ ဆင်နွှဲမှုတွေကို ခြိမ့်ခြိမ့်သဲသဲ ဆက်လက်ကျင်းပနေပါတယ်။ ထိုင်းလို ဆွန်ခရန်လို့ခေါ်တဲ့ ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရီးသွားတွေလည်း တကူးတက လာရောက်ကြတာပါ။ နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးရာလည်းရောက်၊ စီးပွားရေးအကျိုးအမြတ်လည်း များပြားတာမို့ နိုင်ငံအာဏာပိုင်တွေရော၊ ကြီးကြီး ငယ်ငယ် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီပွဲတော်ကို အထူးအရေးထားပါတယ်။ ၂၀၂၄ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မကြုံဖူးတဲ့အတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမှာဖြစ်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်ဌာန ဆက်သွယ်ရေးလက်ထောက်အကြီးအကဲ Nithee Seeprae က ပြောပါတယ်။
“ထိုင်း ဆွန်ခရန် သင်္ကြန်ပွဲတော်” ဓာတ်ပုံသတင်း

၁၃
ဒီနှစ်ဆွန်ခရန်ပွဲတော်ကို လာလည်သူ နိုင်ငံခြားခရီးသွား ၅ သိန်းကျော်ရှိပြီး ထိုင်းဘတ် ၂၄ ဘီလျံကျော်၊ ဒေါ်လာနဲ့ဆို ဒေါ်လာ ၆၅၅ သန်း ဝင်ငွေရလိမ့်မယ်လို့ ထိုင်းခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။

၁၄
ဆွန်ခရန်ပွဲတော်ကာလ ယာဉ်ထိခိုက်မှု အထူးများပြားတတ်တာမို့ ပိုပြီးသတိထားကြဖို့ အာဏာပိုင်တွေက အလေးအနက်တိုက်တွန်းထားတာပါ။ ဒီနှစ် ပွဲတော် ပထမ ၃ ရက်အတွင်းမှာကို ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁ ရာ ကျော် သေဆုံးရပြီး ဖြစ်ပါတယ်။

၁၅
နာရာသီဝတ်ခရိုင်က သင်္ကြန်ပွဲ ဖြစ်ပါတယ်။ ကားတွေနဲ့ရော ခြေလျင်ပါ ရေပက်ခံထွက်ကြတာပါ။ ဧပြီ ၁၃၊ ၂၀၂၄