နာဇီလက်ထဲကနေ ဥရောပ လွတ်မြောက်ရေးအစပြုတဲ့ D-Day ဒီ-ဒေးကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေ ပြင်သစနိုင်ငံမြောက်ပိုင်း ကမ်းခြေမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးတို့ မဟာမိတ်တပ်ဖွဲ့တွေကို ကိုယ်စားပြုတက်ရောက်ပြီး နော်မန်ဒီကမ်းခြေ သဲသောင်ပြင်တွေပေါ်မှာ အသက်ပေါင်းများစွာ စတေးခဲ့ကြတဲ့ ထောင်သောင်းချီမဟာမိတ် တပ်သားတွေကို ဂုဏ်ပြု ဦးညွှတ်ခဲ့ပါတယ်။
D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်

၉
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ရီရှီဆူနက် (ယာ-ဒု)၊ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ မိဖုရား ကမ်မီလာတို့ကို ပြင်သစ် အီမန်နျူရယ် မက်ကရွန် (ယာ-တ) ၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်တို့နဲ့အတူ Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာကျင်းပတဲ့ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

၁၀
Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဗြိတိန်စစ်ပြန်စောင့်ရှောက်ရေးအဖွဲ့တို့ ဦးစီးပြီး ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကျင်းပစဉ် ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ မိဖုရား ကမ်မီလာတို့ကို ပြင်သစ် အီမန်နျူရယ် မက်ကရွန် (ယာ-တ) ၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်တို့နဲ့အတူ လမ်းလျှောက်လာကြပုံ ဖြစ်ပါတယ်။