သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြောက်ပိုင်း AA နဲ့ စစ်ကောင်စီတိုက်ပွဲ ရိုဟင်ဂျာရွာသားတဦး ကျည်ထိမှန်သေဆုံး


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဒီကနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ တန်ပြန် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အသက် ၃၅ နှစ်အရွယ် ဆီရာဇုလ်အိစ္စလာမ် ဆိုသူ အရပ် သားတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။

AA အဖွဲ့က ဒီစခန်းကို သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒု တပ်ရင်းမှူးအပါအဝင် တပ်သား အတော်များများသေဆုံးခဲ့တယ်ဆိုတဲ့ ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် နှစ်ဘက် သေဆုံး၊ ဒဏ်ရာရတဲ့သတင်းကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

မြန်မာနိုင်ငံအတွင်းက နယ်စပ်ဒေသတလျှောက်မှာ စစ်ကောင်စီဘက်က စစ်အင် အားတွေ တိုးချလာနေပြီး ဂျက်တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ မဆင်မခြင် အသုံးပြုနေတာမှာ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘင်္ဂလားဒေ့ရှ်ဘက် ကျသွားတဲ့အတွက် အသက် ၁၇ နှစ်အရွယ် လူငယ်တဦး သေဆုံးပြီး နောက်ထပ် ၁၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စစ်ကောင်စီရဲ့ အဲဒီ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း AA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA ရခိုင်အမျိုးသားအဖွဲ့ချုပ်က စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း သူတို့နိုင်ငံထဲကို လက်နက်ကြီးကျည်တွေ ကျခဲ့တာကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကို ခေါ်ယူ သတိပေးပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








XS
SM
MD
LG