သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ AICHR တောင်းဆို


လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။
လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုံစံမျိုးစုံကို ချက်ချင်းရပ်ဆိုင်းဖို့ အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေး ကော်မရှင် (AICHR) ရဲ့ တောင်းဆိုချက်မှာ ဖိလစ်ပိုင်နိုင်ငံကလည်း ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့နဲ့အတူ ဖိလစ်ပိုင်ကလည်း ပါဝင်ပြီး ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အာဆီယံက ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုတာကို လျစ်လျူပြုပြီး ဇူလိုင်လ ၂၅ ရက်နေ့ မှာ NLD အမတ် ဦးဖြိုးဇေယျာသော်၊ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ကွပ်မျက်ခဲ့ပြီးတဲ့နောက် အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေး ကော်မရှင် (AICHR) က ခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တက်ကြွလှုပ်ရှားသူများအပေါ် ကွပ်မျက်တာကို ကြေညာချက်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး စိတ်ထင်သလို ဆက်လက် ကွပ်မျက်မှာတွေကို ချုပ်တည်းဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ထင်သလိုဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် အပြုသဘောဆောင်တဲ့ ပါတီအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်ဖို့လည်း AICHR က စစ်ကောင်စီ ကို ဆော်သြလိုက်ပါတယ်။

ဒီမိုကရေစီပြောင်းလဲတဲ့ဖြစ်စဉ်ကို ချက်ချင်း ပြန်သွားဖို့လည်း ကြေညာချက်က တိုက်တွန်းထားပြီး လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေကို အကာအကွယ်ပေး မြှင့်တင်ဆောင်ရွက်ဖို့လည်း အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေး ကော်မရှင် (AICHR) က မြန်မာစစ်ကောင်စီကို ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==================


[[Unicode]]






XS
SM
MD
LG