05-12-23 ASIA BIZ (NWA)
(1)- Singapore property tax hikes freeze out foreigners (RTR)
(2)- Afghan Herat potters fear ancient craft may vanish (AP)
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ - စင်္ကာပူနိုင်ငံမှာ အိမ်ဈေးကွက်ကို ထိန်းချုပ်လိုတဲ့အတွက် အိမ်ခန်းလာဝယ်ချင်တဲ့ နိုင်ငံခြားသားတွေကို အရင်ထက် အခွန် ၂ ဆ တိုးကောက်နေတဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ ရှေးရိုးရာနည်းနဲ့ လုပ်ကိုင်နေတဲ့ မြေအိုးဖုတ်လုပ်ငန်း တိမ်ကောတော့မှာကို စိုးရိမ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
(1)- Singapore property tax hikes freeze out foreigners (RTR)
 
 
 
 
 
 
 
 
 
 
 
 
 
 
စင်္ကာပူနိုင်ငံမှာ အိမ်ခန်းတိုက်ခန်း လာဝယ်လိုတဲ့ နိုင်ငံခြားသားတွေအပေါ် အိမ်ဝယ်ခွန်-နှုန်းထား တိုးမြှင့်ကောက်ခံသွားမယ်လို့ စင်္ကာပူအစိုးရက ဧပြီလနှောင်းပိုင်းမှာ ကြေညာခဲ့တာပါ။ အိမ်ဝယ်တဲ့အခါ တံဆိပ်ခေါင်းခွန် ၆၀ % အထိ တိုး ဆောင်ရမယ်လို့ ပြဌာန်းလိုက်တဲ့အတွက် စင်္ကာပူအိမ်ဈေးကွက်ထဲမှာ နိုင်ငံခြားသား ဝယ်လက်တွေ ရုတ်တရက် တန့်သွားတယ်လို့ ဆိုပါတယ်။ ဒီစည်းမျည်းသစ်က နိုင်ငံခြားသားတွေကို လမ်းစ ပိတ်လိုက်သလို ဖြစ်သွားစေတယ်လို့ အိမ်ခန်းငှားရမ်း ရောင်းဝယ်ရေးကုမ္ပဏီတခုက ရိုက်တာကို ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံသားတွေက စင်္ကာပူမှာလာပြီး ဇိမ်ခံ အကောင်းစားတိုက်ခန်းတွေ လာရောက်ဝယ်ယူ ရင်းနှီးမြှုပ်နှံမှု လုပ်ကြပြီးနောက် ခုလို အခွန်တိုးကောက်တဲ့အစီအစဉ် ရုတ်တရက် ဖြစ်လာရတာပါ။ ဒီလို ရက်ရက်စက်စက် အခွန်နှုန်းထား မြှင့်တင်လိုက်တာဟာ စင်္ကာပူမှာ နှစ်ပေါင်းများစွာအတွင်း ထူးခြားတဲ့ လုပ်ရပ်လို့ သုံးသပ်ကြပါတယ်။ 
မြို့ပြနိုင်ငံငယ်တခုဖြစ်တဲ့ စင်္ကာပူမှာ ရှားပါးလှတဲ့ နေရာတွေကို နိုင်ငံခြားသားတွေက လာဝယ်ထားရင်း ၊ အိမ်ဈေးတွေက တက်လာပြီး ကိုယ့်နိုင်ငံသားတွေ မူလနေရာတွေကနေ တစစ ထွက်သွားရမယ့်အဖြစ်မျိုးကို အာဏာပိုင်တွေ စိုးရိမ်လာတာကလည်း အကြောင်းတခု ဖြစ်ပါတယ်။ 
လွန်ခဲ့တဲ့ ၂ နှစ်ကို ပြန်ကြည့်ရင် တရုတ်နိုင်ငံအပါအဝင် အာရှဒေသတွင်း နိုင်ငံတချို့မှာ အိမ်ခြံမြေဈေး အကျဖက်ကို ဦးတည်နေပေမယ့် စင်္ကာပူမှာတော့ အိမ်ဈေးတွေက မြင့်နေဆဲဖြစ်ပါတယ်။ အိမ်ဝယ်ခွန် စည်းမျည်းသစ်က နိုင်ငံခြားသားတွေကိုပဲ ဦးတည်တာ မဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံသားတွေ ဆိုရင်လည်း ဒုတိယ အိမ်တလုံး ဒါမှမဟုတ် နောက်ထပ် အိမ်တွေ ထပ်ဝယ်မယ်ဆိုရင် အခွန် တိုးဆောင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ အခုလို အခွန်တိုးကောက်လိုက်တာက အိမ်ခြံမြေကုမ္ပဏီတွေရဲ့ အစုရှယ်ယာဈေးတွေ ၅% လောက် ထိုးကျသွားပါတယ်။
ဒီ လုပ်ဆောင်ချက်က စီးပွားရေးမှာပါ ရိုက်ခတ်မှု ကြီးနိုင်တယ်လို့ သုံးသပ်နေပါတယ်။ အိမ်ဝယ်လိုတဲ့ နိုင်ငံခြားသားတွေ တံဆိပ်ခေါင်းခွန် ၃၀% ဆောင်ရမယ်လို့ ၂၀၂၁ ဒီဇင်ဘာလထဲ သတ်မှတ်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး စင်္ကာပူမှာ အိမ်ဈေးတွေ တရိပ်ရိပ် တက်လာခဲ့သလို ၊ အိမ်းခန်းငှားခ ဈေးတွေလည်း တက်လာနေပါတယ်။ 
============================================
(2) Afghan Herat potters fear ancient craft may vanish
အာဖဂန်နစ္စတန်နိုင်ငံဟာ ရှေးရိုးရာ မြေအိုးဖုတ်တဲ့ လက်မှုအတတ်ပညာနဲ့ပတ်သက်လို့ ဂုဏ်ယူစရာ သမိုင်းကြောင်းရှိပြီး လက်ရှိအိုးထိန်းသည်တွေကလည်း ရှေးနည်းအတိုင်း မျိုးရိုးစဉ်ဆက် ထိန်းသိမ်း လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန်၊ အီရန်၊ တရုတ်တို့လို အိမ်နီးချင်းနိုင်ငံတွေကတဆင့် ဈေးပေါတဲ့ ပလပ်စတစ်ပစ္စည်းတွေ လှိမ့်ဝင်လာတာကြောင့် အာဖဂန်ရဲ့မြေအိုးဖုတ်လုပ်ငန်း တိမ်ကောသွားမှာကို စိုးရိမ်လာကြပါတယ်။ 
အိုးဖုတ်လုပ်ငန်းလောကမှာ အနှစ်(၂၀)လောက် ကျင်လည်လာခဲ့သူ တဦးကတော့ ပလပ်စတစ်သွင်းကုန်တွေကို ထိန်းချုပ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ 
3. SOUNDBITE (Dari) Hekmatullah Ghulami , မြေအိုးဖုတ် လုပ်ငန်းရှင်
" အထူးသဖြင့် ပလစ်စတစ် ပန်းအိုးလို သွင်းကုန်တွေကို အစိုးရကသာ ထိန်းချုပ်ပေးမယ်ဆိုရင် ၊ ကျနော်တို့အတွက် အကျိုးအမြတ် အတော်ကို ရလာမှာ ဖြစ်သလို၊ ဒီ လက်မှု-လုပ်ငန်းလည်း ပြန်ရှင်သန်လာမှာပါ ။ အရင် နှစ်တွေတုန်းကဆိုရင် နွေဦးရာသီရောက်တိုင်း ပန်းအိုး (၅)ထောင်ကနေ (၁)သိန်းလောက်ထိ ရောင်းရပါတယ်။ ဒီနှစ်ထဲမှာကျတော့ ပန်းအိုး(၁၀၀)လောက်တောင် ရောင်းမထွက်သေးပါဘူး။ အဲသည်လောက်ထိကို ရောင်းအား ကျသွားတာပါ။ " 
အိုးဖုတ်သမားတွေဟာ မြေအိုးဖုတ်တာ တခုထဲတင် မကပဲ ၊ ပန်းကန်လုံး ခွက်ယောက်အပါအဝင် အခြားပစ္စည်း မျုးိစုံကိုလည်း တီထွင် ထုတ်လုပ်ကြပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။ အာဖဂန်ရဲ့ အနောက်ဖက်ခြမ်း Herat (ဟီ ရက်) ဒေသကထွက်တဲ့ Herat မြေအိုးတွေက နာမည်အလွန်ကြီးပေမဲ့ ခုတော့ ရှေးရိုးရာလုပ်ငန်းတွေ ပျောက်ကွယ်တော့မှာကို စိုးရိမ်နေကြပါတယ်။ 
 
 
 
 
 
 
 
 
 
