[[Zawgyi/Unicode]]
ဟောင်ကောင်ကနေတင်ပို့လာတဲ့ ချည်ထည်ကော်ဇောထဲမှာလိပ်ပြီးထည့်လာတဲ့ crystal methamphetamine စိတ်ကြွဆေးပြား ၅၁ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာဆိုရင်တော့ ဘတ်သန်း ၃၀ ဝန်းကျင် တန်ဖိုးလောက်ရှိပါတယ်။ ဒါပေမဲ့ ဟောင်ကောင်ကနေ ပို့လာတာဖြစ်တဲ့အတွက် ဘတ်ငွေ သန်း ၃၀၀ လောက် ရှိပါလိမ့်မယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဖသွန်င် လွိုင်ကုလန်တာ( PHANTONG LOYKULNANTA) က အင်္ဂါနေ့ ဘန်ကောက်မြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြားတွေ ခုလိုဖမ်းဆီးမိတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ထိုင်းလ.ဝ.ကရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမိတာ ၄၈ ကြိမ်ထိရှိပြီး ထိုင်းဘတ် ၁၈၇ သန်း၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၅.၅၈ သန်းဖိုး တန်ဖိုးရှိပါတယ်။ ခုနောက်ဆုံးဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
================
[[Unicode]]