သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Diaries မှတ်တမ်းရုပ်ရှင် မြောက်အမေရိကားမှာ ဖြန့်ချိဖို့စီစဉ်


 မြောက်အမေရိကားမှာ ဖြန့်ချိဖို့စီစဉ်ထားတဲ့ အမည်မဖော်တဲ့ မြန်မာနိုင်ငံက ဒါရိုက်တာ ၁၀ ပေါင်းစပ်ဖန်တီးထားတဲ့ Myanmar Diaries မှတ်တမ်းရုပ်ရှင်။ (Photo Crd: Myanmar Diaries)
မြောက်အမေရိကားမှာ ဖြန့်ချိဖို့စီစဉ်ထားတဲ့ အမည်မဖော်တဲ့ မြန်မာနိုင်ငံက ဒါရိုက်တာ ၁၀ ပေါင်းစပ်ဖန်တီးထားတဲ့ Myanmar Diaries မှတ်တမ်းရုပ်ရှင်။ (Photo Crd: Myanmar Diaries)

[[Zawgyi/Unicode]]

ကမ္ဘာတဝှမ်း မှတ်တမ်းရုပ်ရှင်တွေရဲ့မူပိုင်ခွင့်ကို ထိန်းသိမ်းပြီး မြောက်အမေရိကတိုက်အတွင်း ထောင်နဲ့ချီတဲ့ ရုပ်ရှင်တွေ ဖြန်ဝေခွင့်ရယူထားတဲ့ Icarus Films (အစ်ကာရက်) ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ကြုံတွေ့ရတဲ့အခြေအနေ မှတ်တမ်းတင်ရုပ်ရှင် ‘Myanmar Diaries’ ကို ဖြန့်ဝေဖို့ ရွေးချယ်လိုက်ပါတယ်။

‘Myanmar Diaries’ ခေါ် မိနစ် ၇၀ စာ မှတ်တမ်းရုပ်ရှင်ဟာ လုံခြုံရေးအရ အမည်မဖော်တဲ့ မြန်မာနိုင်ငံက ဒါရိုက်တာ (၁၀) ဦး ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂျာမနီနိုင်ငံက Berlinale ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရရှိထားသလို အော်စကာဆုအတွက် တင်သွင်းဖို့ အရည်အသွေးမီ သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး တနှစ်တာအတွင်း ပြည်သူတွေကြုံတွေ့ခံစားရတဲ့ အကြမ်းဖက်မှုတွေနဲ့ အဖြစ်အပျက်တွေအကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး 2022 Berlin ရုပ်ရှင်ပွဲတော်မှာပဲ Amnesty ရုပ်ရှင်ဆုနဲ့ Panoroma ပရိသတ်ဆု တတိယနေရာတွေအတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီမှတ်တမ်းတင်ရုပ်ရှင်ဟာ စစ်တပ်အာဏာသိမ်းမှုကို အုံကြွဆန့်ကျင်ခဲ့တဲ့ တိုင်းပြည်တဝှမ်း ဒီမိုကရေစီရေး ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ စစ်တပ်ရဲ့ အကျဉ်းချဖမ်းဆီးခံရမှု သတ်ဖြတ်မှုတွေအကြောင်းကို မှတ်တမ်းတင်ထားတာပါ။

မြန်မာပြည်တဝှမ်းခံစားနေရတဲ့ နာကျင်မှုတွေကို ထုတ်ဖေါ်ပြသပြီး မြန်မာ့အရေးကို ကမ္ဘာက မေ့မသွားဖို့ မီးမောင်းထိုးပြတဲ့ မှတ်တမ်းရုပ်ရှင်ပါဆိုပြီး ဂျာမနီနိုင်ငံက Berlinale ရုပ်ရှင်ပွဲတော်မှာ ဆုရယူတဲ့အချိန် ရုပ်ရှင်မှတ်တမ်းထုတ်လုပ်သူတွေက ပြောဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြန်မာလူငယ်တွေနဲ့ အတူ နယ်သာလန်က Zin ရုပ်ရှင်ထုတ်လုပ်ရေး ၊ နော်ဝေက Ten Thousand Images နဲ့ မြန်မာနိုင်ငံက ဒါရိုက်တာတွေရဲ့ Myanmar Film Collective (၃) ဖွဲ့က စုပေါင်းထုတ်လုပ်တာဖြစ်ပြီး မူပိုင်ခွင့်ကတော့ Autlook Filmsales ကုမ္ပဏီက ရယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG