သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တော်လှန်ရေးနောက်ကွယ်က ငွေကြေး ပံ့ပိုးမှု (ICG အစီရင်ခံစာ)


မြန်မာကဗျာဆရာခက်သီ ကဗျာစာစု (ဓါတ်ပုံ Facebook Poem Collection)
မြန်မာကဗျာဆရာခက်သီ ကဗျာစာစု (ဓါတ်ပုံ Facebook Poem Collection)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြားကပဲ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေက လူမှုကွန်ယက်နဲ့ အွန်လိုင်းကိုသုံးပြီး ဒေါ်လာသန်းနဲ့ချီ ရံပုံတွေရအောင် ရှာနိုင်နေကြကြောင်းနဲ့ ဒီငွေတွေကို ပြည်သူအများအပြားက ထည့်ဝင် ပံ့ပိုးတာဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒီလို‌ ငွေကြေးပေးပို့တာတွေကို စစ်ကောင်စီအနေနဲ့ ဟန့်တားနိုင်ခြင်းမရှိတဲ့အကြောင်း "အများပြည်သူ ထောက်ပံ့တဲ့ စစ်၊ မြန်မာ့တော်လှန်ရေးနောက်ကွယ်က ငွေကြေးပံ့ပိုးမှု" - ဆိုတဲ့ ခေါင်းစဉ်နဲ့ထုတ်ပြန်တဲ့ ICG ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ဒီလို စစ်ကောင်စီ ဆန့်ကျင်ရေးအဖွဲ့အစည်းတွေဆီ ငွေကြေးစီးဆင်းမှုတွေဟာ နိုင်ငံတကာနဲ့ ပြည်တွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ငြိစွန်းမှု ရှိမရှိ ပြည်ပအစိုးရတွေက အနီးကပ်စောင့်ကြည့်နေကြောင်းလည်း မြန်မာ့အရေး လေ့လာတဲ့ကျွမ်းကျင်သူတွေက ပြောဆိုတာကို South China Morning Post သတင်းစာမှာ ရေးသားပါတယ်။

မြန်မာ့တော်လှန်ရေးအတွက် အဓိကကျတဲ့ သန်းရာချီရှိနိုင်တဲ့ ရံပုံတွေတွေကို စစ်ကောင်စီဘက်ကသတိမထားမိဘဲ တော်လှန်ရေးအင်အားစုတွေလက်ထဲ ရောက်နေပေမဲ့လည်း စစ်တပ်ဘက်က ကန့်သတ်ပိတ်ပင်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ အကြီးအကျယ် ထိခိုက်နေတယ်လို့ ICG ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Tom Kean က ပြောဆိုပါတယ်။

အစိုးရလက်အောက်ခံ မဟုတ်တဲ့အဖွဲ့အစည်းတွေ ငွေကြေးမလုံလောက်ဘဲ လုပ်ငန်းလည်ပတ်ရေးအခက်အခဲဖြစ်အောင် စစ်ကောင်စီဘက်က တင်းကြပ်ကန့်သတ် ထားချိန်မှာ အလှူရှင်တွေ၊ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့် နည်းလမ်းပေါင်းစုံသုံးပြီး ပဋိပက္ခဖြစ်ပွားရာနေရာတွေက အခက်တွေ့နေသူတွေဆီ ရောက်အောင် ကူညီပေးသင့်တဲ့အကြောင်း သူက အကြံပြုပါတယ်။

တိုက်ရိုက် လင့်ခ်

========================

[[Unicode]]







XS
SM
MD
LG