သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်လေးဦး ဂျပန်စစ်ဘက်သင်တန်းတက်ရောက်နေ


ဂျပန် ကာကွယ်ရေးဝန်ကြီး Nobuo Kishi
ဂျပန် ကာကွယ်ရေးဝန်ကြီး Nobuo Kishi

[[Zawgyi/Unicode]]

ဂျပန်စစ်ဘက်ရဲ့သင်တန်းတွေမှာ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်လေးဦး သင်တန်းသားအဖြစ် တက်ရောက်နေတဲ့အကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြောပါတယ်။

ဂျပန်အောက်လွှတ်တော်၊ လုံခြုံရေးဆိုင်ရာကော်မတီမှာ ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့ က ဝန်ကြီး Kishi တင်ပြခဲ့တာကို ကိုးကားပြီး Asahi Shimbun ဂျပန်နေ့စဉ်သတင်းစာရဲ့ ဒီကနေ့ သတင်းတပုဒ်မှာ ရေးထားတာပါ။ သင်တန်းတက်ရောက်သူတွေဟာ မြန်မာစစ်ဘက်က ဘယ်အဆင့်လဲဆိုတာ ဖော်ပြထားတာမရှိပါဘူး။

မြန်မာတပ်ဖွဲ့ဝင် သုံးဦးက ဂျပန်ကာကွယ်ရေးအကယ်ဒမီမှာ သင်တန်းတက်ရောက် နေပြီး နောက်တဦးက ဂျပန် ကာကွယ်ရေးလေတပ်ရဲ့ အရာရှိသင်တန်းကျောင်းမှာ တက်ရောက်နေတဲ့အကြောင်း ကာကွယ်ရေးဝန်ကြိး Kishi က ဂျပန်အောက် လွှတ်တော်မှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအထိ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေကို ဂျပန် စစ်ဘက်သင်တန်းတွေမှာ ဆက်ပြီး လက်ခံထားတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီး Kishi ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာတွေ လုပ်ခဲ့တဲ့အကြောင်းနဲ့ အခုလို သင်တန်းတွေမှာ တက်ရောက်ခွင့်ပြုတဲ့အတွက်

“ဒီမိုကရေစီနဲ့ အရပ်ဘက်ထိန်းချုပ်မှုကို တပ်ဖွဲ့ဝင်တွေ နားလည်သဘောပေါက်စေမှာဖြစ်တယ်” လို့ အထူးထောက်ပြပြောဆိုခဲ့ပါတယ်။

“ဒီမိုကရေစီ တိုင်းပြည်တခုမှာ အဖွဲ့အစည်းတခု လုပ်ကိုင်ဆောင်ရွက်ပုံအကြောင်း ဒီ သင်တန်းသားတွေကို သေသေချာချာ သင်ကြားပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနာဂတ်ကို ပြန်လည်တည်ဆောက်တာမှာ အထောက်အကူဖြစ်စေမယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဆိုပြီး ဧပြီလ ၂၆ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ဝန်ကြီး Kishi က ပြောသွားကြောင်း Asahi Shinbun သတင်းမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








==================

XS
SM
MD
LG