သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပစီးပွားရေးလုပ်ငန်းတွေ နိုင်ငံခြားငွေထိန်းချုပ်မှုအမိန့် ကင်းလွတ်ခွင့် EU ကိုယ်စားလှယ်ရုံးတောင်းဆို 


Myanmar bank currency
Myanmar bank currency


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေထိန်းချုပ်တဲ့ ဥပဒေသစ်တရပ်ကို ချမှတ်ပြီး မြန်မာကျပ်နဲ့ လှဲလှယ်ရမယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ အမိန့်သစ်ကြောင့် ဥရောပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ အခက်တွေ့နိုင်တဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးက ဧပြီ ၅ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဥပဒေသစ်ကြောင့် အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်ရေးလုပ်ငန်းတွေ၊ တခြား အီးယူအရာရှိတွေနဲ့ NGO အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကိုလည်း ထိခိုက်နစ်နာစေနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာ စာသင်ကျောင်းတွေ၊ ကုန်သည်ကြီးများအသင်းနဲ့ NGO တွေကို ဒီ မူဝါဒက ကင်းလွတ်ခွင့်ပေးတဲ့အထဲမှာ ထည့်သွင်းပေးဖို့ EU ကိုယ်စားလှယ်ရုံးက တောင်းဆိုပါတယ်။

ဗွီအိုအေကရတဲ့ EU ရဲ့ အခုထုတ်ပြန်ချက်ဟာ အစစ်အမှန်ဖြစ်တဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းကတဆင့် ဗွီအိုအေက သီးခြားအတည်ပြုချက် ရရှိပါတယ်။

အလားတူပဲ ရန်ကုန်မှာရှိတဲ့ ဂျပန်နဲ့ စင်္ကာပူသံရုံးတွေကလည်း ဗဟိုဘဏ်ရဲ့ အဲဒီထုတ်ပြန်ချက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ စီးပွားရေးလုပ်ငန်းတွေ ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မနေ့ ဧပြီလ ၆ ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ကြပါတယ်။

ပြည်ပက နိုင်ငံခြားငွေနဲ့ရရှိတဲ့ ဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက် ကားတဲ့ လိုင်စင်ရဘဏ်တွေကတဆင့် တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၈၅၀ သတ်မှတ်ဈေးနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတာပါ။ ဒီ ညွှန်ကြားချက်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ကြီးအကျယ် ထိခိုက်စေနိုင်ပြီး အကျိုးထက် အပြစ်ပိုများနိုင်တယ်လို့ ပြည်တွင်း စီးပွားရေးလုပ်ငန်း ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

တဒေါ်လာကို ၁,၈၅၀ ကျပ်နဲ့ ငွေလဲနှုန်းသတ်မှတ်ချက်ဟာ ပြင်ပ တရားမဝင်ပေါက်ဈေးထက် ၁၀% လျော့နည်းနေတာကြောင့် ငွေကြေး အသွင်းအထုတ်တခါလုပ်တိုင်း ၁၀% အရှုံးပေါ်သလို ဖြစ်နေတယ်လို့လည်း ပြည်တွင်းလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဘဏ်လုပ်ငန်းတွေလက်ထဲ လုံးဝ အပ်နှံလိုက်သလိုဖြစ်သွားပြီး လိုသလောက် ပြန်ထုတ်ခွင့်မရှိမှာကိုလည်း ပြည်တွင်းလုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။

===============


[[Unicode]]







===============

XS
SM
MD
LG