သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရလက်ထက် ရွေး/ကော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦး ထောင် ၃ နှစ်စီ ချမှတ်ခံရ


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း (ယခင်ပုံဟောင်း)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့တာဝန်ယူခဲ့သူ ဦးလှသိန်းအပါအဝင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်း ၃ ယောက်ကို ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။ ရာထူးရှိချိန်က အာဏာအလွဲသုံးစားလုပ်ပြီး ရွေးကောက်ပွဲ မဲမသမာမှုမြောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ဆိုပြီး နေပြည်တော်အကျဉ်းထောင်ထဲက အထူးတရားရုံးကနေ ပြစ်ဒဏ်ချခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေတဦးက ဗွီအိုအေကိုအတည်ပြုခဲ့ပါတယ်။

“ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးရယ်၊ အဖွဲ့ဝင် ဦးသန်းဌေးရယ် သူတို့ ၃ ယောက်ကို တယောက် ကို ၃ နှစ် ချလိုက်တယ်။ ၁၃၀ (က) နဲ့ချလိုက်တယ်။ ဒီနေ့ပဲ။ ဦးမြင့်နိုင်၊ ဦးသန်းဌေး ဦးလှသိန်းပေါ့။ ဦးလှသိန်းကတော့ ဥက္ကဋ္ဌပေါ့။ သူတို့ ဥပဒေနဲ့အညီ ဆက်ဆောင်ရွက်မယ် ပြောသွားတယ်။”

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက်ထက် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူခဲ့သူ ဦးလှသိန်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ဥပဒေပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားရုံးစစ်ချက်တွေအရ စစ်ကောင်စီရဲ့ စွပ်စွဲထားချက်တွေ မမှန်ကန်တဲ့အပေါ် သူတို့ ဘက်က ဥပဒေအချက်အလက်တွေနဲ့ကိုးကားထုချေခဲ့ပေမယ့် ဒီထုချေချက်တွေကို တရားသူကြီးဘက်က ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

တရားစွဲဆိုတဲ့ လက်ရှိစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း သူတို့ အမှုကျူးလွန်ကြောင်း တိကျတဲ့သက်သေ မတင်ပြနိုင်ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကော်မရှင်ခွဲတွေ ဖွဲ့စည်းရာမှာ တည်ဆဲ ဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်တယ်၊ တာဝန်ထမ်းဆောင်နေသူတွေကို ဟန့်တား ခြိမ်းခြောက်တယ်၊ အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးတယ်၊ မဲစာရင်းကို မသမာလုပ်တယ်၊ NLD အနိုင်ရဖို့ သြဇာသုံး စွက်ဖက်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားသလို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လုပ်ဆောင်ခိုင်းတဲ့ အတိုင်းတဖက် သတ် လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီဘက်က စွပ်စွဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကြီးကြပ်ရန် ပျက်ကွက်မှုနဲ့ အရင်ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် အပါအဝင် အယောက် ၂,၄၀၀ ကျော်ကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မတွေနဲ့ အရေးယူခဲ့တယ်လို့ လက်ရှိစစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဘက် ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

NLD အစိုးရလကျထကျ ရှေး/ကောျဥက်ကဋ်ဌနဲ့ အဖှဲ့ဝငျနှဈဦး ထောငျ ၃ နှဈစီ ခမြှတျခံရ







XS
SM
MD
LG