သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံနိုင်ငံတွေကို ထိုင်းအစိုးရ ဖိတ်ကြားထား


[[Zawgyi/Unicode]]

မြန်မာအရေးနဲ့ပတ်သက်တဲ့ အလွတ်သဘော အစည်းအဝေးတရပ် ဒီဇင်ဘာ ၂၂ မှာကျင်းပဖို့ စိတ်ဝင်စားကြတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်တွေကို ထိုင်းနိုင်ငံက ဖိတ်ကြားထားပါတယ်။

အစည်းအဝေးဟာ အာဆီယံ အစည်းအဝေးမဟုတ်ကြောင်း၊ လှုပ်လေ မြုပ်လေ ဖြစ်နေတဲ့ မြန်မာ့အရေး ဒဏ်ခံကြရပြီး စိတ်ဝင်စားကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့အမြင်ဖလှယ်ကြတဲ့ အလွတ်သဘော ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဒါကို ထိုင်းနိုင်ငံက ကမကထပြုတာဖြစ်ကြောင်း အမည်မဖော်လိုတဲ့တာဝန်ရှိသူတဦး က ထိုင်း PBS သတင်းဌာနကို ပြောကြားပါတယ်။

ထိုင်းရဲ့အိမ်နီးချင်းနိုင်ငံတွေက တက်ရောက်မယ်လို့ အကြောင်းကြားထားကြောင်းကိုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်နှနိုင်ငံက တက်ရောက်မယ်ဆိုတာကိုတော့ သူက တိတိကျကျမပြောပါဘူး။

အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို လွှဲပြောင်းလိုက်တဲ့နှစ်ကုန်အချိန် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး Prak Sophon က မြန်မာနိုင်ငံကိုသွားမယ်လို့ ပြောထားခဲ့တဲ့ တတိယ ခရီးစဉ်ကို ဖျက်ပစ်လိုက်တဲ့အချိန်မှာ ဒီ အစည်းအဝေးက အချိန်ကိုက်ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်လွှတ်တော်နှစ်ရပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြတဲ့အဖွဲ့တွေကို အကူအညီပေးဖို့ ၂၀၂၂ မြန်မာဥပဒေကို တဆင့်မြှင့် ပြဌာန်းလိုက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဒီ အစည်းအဝေးက ဖြစ်လာခဲ့တာပါ။ အမေရိကန်ဥပဒေတွေမှာ ဖော်ပြထားတဲ့ “ nonlethal supplies” ဒါမှမဟုတ် အသက်မသေစေနိုင်တဲ့ အကူအညီဆိုတာကတော့ လူကို သေစေနိုင်တဲ့ ဒါမှမဟုတ် လူ့ခန္ဓာကိုယ်ကိုအနာတရဖြစ်စေတဲ့ လက်နက်၊ ခဲယမ်းမီးကျောက် ဒါမှမဟုတ် ပစ္စည်းတွေကလွဲပြီး တခြားအကူအညီမှန်သမျှကို ဆိုလိုတာဖြစ်တာကြောင့် NUG နဲ့ တခြားအဖွဲ့တွေလိုအပ်တဲ့ အကူအညီတွေကို ပေးမယ်ဆိုရင် ပေးနိုင်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================







XS
SM
MD
LG