သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို လျှို့ဝှက်သတင်းပေးမှုနဲ့ တောင်ကိုရီးယား ဗိုလ်ကြီးတဦးနဲ့ စီးပွားရေးသမားတဦး အဖမ်းခံရ


 တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန် နယ်နမိတ်
 တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန် နယ်နမိတ်

[[Zawgyi/Unicode]]

မြောက်ကိုရီးယားကို စစ်ရေးလျှို့ဝှက်သတင်းပေးမှုနဲ့ တောင်ကိုရီးယား ဗိုလ်ကြီးတဦးနဲ့ စီးပွားရေးသမားတဦး အဖမ်းခံလိုက်ရပါတယ်။

မြောက်ကိုရီးယား ထောက်လှမ်းရေးလို့ သံသယရှိသူတဦးက ဒီတောင်ကိုရီးယား ၂ ဦးကို ဒစ်ဂျစ်တယ်ငွေကြေး Cryptocurrency ပေးပြီး အခုလို ခိုင်းစေခဲ့တယ်လို့ တောင်ကိုရီးယားရဲတွေက ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ ပဋိပက္ခွဖြစ်ဆဲ၊ ဆင်းရဲတဲ့ကြားက နျူကလီယားလက်နက်ပိုင်ထားတဲ့ မြောက်ကိုရီးယားအနေနဲ့ အင်တာနက်ဖောက်ထွင်းတိုက်ခိုက်ရေးတပ်ဖွဲ့လည်း ထူထောင်ထားပြီး တောင်ကိုရီးယားကို ထိုးဖောက်ထားပါတယ်။

ဒါပေမယ့် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိနဲ့ စီးပွားရေးသမားတို့က မြောက်ကိုရီးယားသူ လျိုတဦးရဲ့ ခိုင်းစေမှုအောက်မှာ စစ်ရေးလျှို့ဝှက်ချက်တွေရယူဖို့ကြိုးစားရင်း အဖမ်းခံခဲ့ရတာကတော့ ဒါဟာ ပထမဆုံးဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယား ဗိုလ်ကြီးအနေနဲ့ လျှို့ဝှက်အဆင့် တောင်ကိုရီးယား ပူးတွဲစစ်ဌာနချုပ်အတွင်းမှာသာသုံးတဲ့ အင်တာနက် လိပ်စာနာမည်တွေကို သတင်းပို့ခဲ့တယ်လို့ ဒီရဲတပ်ဖွဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၃၈ နှစ်အရွယ် စီးပွားရေးသမားကတော့ အင်တာနက် ပိုင်ဆိုင်မှု စီမံရေးလုပ်ငန်းမှာလုပ်နေပြီး ဒီဗိုလ်ကြီး အခုလို သတင်းတွေယူနိုင်ဖို့ လျှို့ဝှက်ကင်မရာတပ် လက်ပတ်နာရီကို ပေးခဲ့တယ်လို့ ဒီကြေညာချက်မှာပဲ စွပ်စွဲထားပါတယ် ခင်ဗျာ။

=============

[[Unicode]]








=============

XS
SM
MD
LG