သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်းဒုက္ခသည် ၈ သိန်းကျော်အတွက် လူသားချင်းစာနာမှုအကူ ဗြိတိန်သံရုံးထောက်ပံ့ 


IDPs camp in Kayah State
IDPs camp in Kayah State


[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းက နေရပ်စွန့်ခွာသူတွေအပါအဝင် နိုင်ငံတဝှမ်း လူပေါင်း ၈ သိန်းကျော်အတွက် အစားအစာနဲ့အာဟာရဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေ သံရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ယူကေ အစိုးရနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဘက်အဖွဲ့ အစည်းတွေက မြန်မာပြည်သူတွေအတွက် ထောက်ပံ့ကူညီခဲ့တွေကို Facebook လူမှုကွန်ယက်ကတဆင့် ကြေညာချက် ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံအတွင်း ဝေးလံ ခေါင်သီတဲ့ ဒေသတွေမှာနေထိုင်သူ၊ ဘေးဒုက္ခအန္တရာယ် အခံရနိုင်ဆုံး ဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းအတွက် ယူကေအစိုးရရဲ့ ရံပုံတွေ အစီအစဉ်တွေကတဆင့် အကူအညီပေးအပ်နေတဲ့အကြောင်း သတင်းထုတ်ပြန် ထားတာပါ။ မြန်မာ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံအောင်ရရှိနိုင်ရေး ကူညီသွားဖို့ ယူကေအစိုးရက ကတိကဝတ်ပြုထားတယ်လို့ လည်း ယူကေသံရုံးရဲ့ ထုတ်ပြန်
ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီကလွဲလို့ တခြား အထောက်အပံ့အားလုံးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယူကေအစိုးရက ဆိုင်းငံ့ထားခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးကုမ္ပဏီတွေကိုလည်း ယူကေအစိုးရက အရေးယူဒဏ်ခတ်တဲ့ စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------

[[Unicode]]






XS
SM
MD
LG