သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သက်တမ်းတနှစ်ထပ်တိုး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew
မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew


[[Zawgyi/Unicode]]

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ ရာထူးသက်တမ်းကို ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက တနှစ် ထပ်တိုးပေးလိုက်ပြီး လူ့အခွင့်အရေးကောင်စီရဲ့ ၅၀ နဲ့ ၅၁ ကြိမ်မြောက် ညီလာခံတွေမှာ နှုတ်တိုက် တင်သွင်းပြီး တတိယကော်မီတီရဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ အစီရင်ခံစာရေး တင်သွင်းဖို့လည်း ညွန်ကြားလိုက်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီး လက်ရှိ ပဋိပက္ခပြေလည်ရေးအတွက် လိုအပ်တဲ့ အကြံပြုချက်တွေ ဆက်လက်ပေးသွားဖို့အတွက်လည်း တပါတည်း တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးရုံးခွဲဖွင့်ရေး လိုအပ်တယ်ဆိုတာကိုလည်း လူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ထပ်လောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် လက်ရှိမှာ Tom Andrew က တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ ရာထူးသက်တမ်းကိုလည်း တနှစ်စီထပ်တိုးဖို့ လူ့အခွင့်အရေးကောင်စီက တပါတည်း ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ တိုင်းပြည်မှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို နိုင်ငံတကာ ဖိအားတွေ ပိုပြီပေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တိုက်တွန်း ပြောဆိုထားပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ တကယ်ကိုဘာနဲ့မှမတူတဲ့ သတ္တိတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကိုပြသခဲ့ကြတယ်လို့လည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







=============

XS
SM
MD
LG