အမေရိကန်ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ သုံးသပ်ချက်
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်က လူအမည်းအမျိုးသား George Floyd သေဆုံးမှုမှာ အဓိကတာဝန်ရှိတဲ့ ရဲအရာဟောင်း Derek Chauvin ကို အရင်က စွဲထားတဲ့ တတိယအဆင့် လူသတ်မှုကနေ ဒုတိယအဆင့် လူသတ်မှုစွဲချက်အဖြစ် ပြောင်းလဲတိုးမြှင့်လိုက်ကြောင်း Minnesota ပြည်နယ် ရှေ့နေချုပ် Keith Ellison က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အခြား တာဝန်ရှိတဲ့ ရဲအရာရှိဟောင်းသုံဦးကိုလည်း ဒုတိယလူသတ်မှုအဆင့်မြောက်အောင် အားပေးကူညီမှု ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။ အခုလို ရဲအရာဟောင်းလေးဦးအပေါ် ပြည်နယ်အစိုးရဘက်က စွဲချက်အသစ်တွေတင်ပြီး အရေးယူမယ့် လုပ်ရပ်က George Floyd သေဆုံးမှုမှာ တရားမျှတရေး နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေကို ဘယ်လောက်ထိ ငြိမ်သက်သွားနိုင်မလဲ။ George Floyd မိသားစုဘက်ကရော ကျေနပ်နိုင်မလား။ လက်ရှိအရေးပေါ်ဖြစ်နေတဲ့ အမေရိကန်က လူထုဆန္ဒပြပွဲတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်တင်ပြနေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ