သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အာဆီယံထိပ်သီး လူ့အခွင့်အရေးမျက်ကွယ်မပြုဖို့ တက်ကြွသူတွေ သတိပေး


မြို့တော်ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ အမေရိကန်- ASEAN  အထူးအစည်းအဝေး (မေ ၁၂၊ ၂၀၂၂) 
မြို့တော်ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ အမေရိကန်- ASEAN  အထူးအစည်းအဝေး (မေ ၁၂၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အဓိက ဦးစားပေးဆွေးနွေးကြတာဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အရေးမကြီးသလိုနဲ့ ပစ်ပယ်တာမျိုး မဖြစ်သင့်ဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးပြောဆိုနေပါတယ်။

ဒီ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ အချိန်အကြာကြီး ကျန်နေမယ့်ပုံရိပ်တခုကတော့ သမ္မတ Joe Biden ဟာ အာရှရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံသူတွေနဲ့ အတူ ယှဉ်ပြီးရပ်နေခဲ့တယ်ဆိုတာပါ။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တခြားဒေသတွေက အဲဒီ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လျော့ပါးသွားအောင် သမ္မတ Biden အနေနဲ့ နည်းနည်းပဲဖြစ်ဖြစ် တောင်းဆိုတာမျိုးလုပ်နိုင်ပေမယ့် အခုအထိတော့ မတွေ့ရသေးပါဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဝါရှင်တန်ရုံးက ဒါရိုက်တာ Sarah Jaeger က VOA ကို ပြောဆိုသွားတာပါ။

အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဘက် ဆက်ဆံရေးခိုင်မာလာဖို့နဲ့ အင်ဒိုပစိဖိတ်ဒေသ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတွေကို အင်အားချိန်ခွင့်လျှာ ညှိဖို့ အမေရိကန်ပြည်ထောင်စုက အလေးထား ဆောင်ရွက်နေပါတယ်။ ဒေသတွင်း လုံခြုံရေးကိစ္စတွေအပြင် ကုန်သွယ်ရေးနဲ့ ယူကရိန်း အရေးကိစ္စတွေက ဆွေးနွေးပွဲ အစီအစဉ်တွေကို အဓိက လွှမ်းမိုးနေပါတယ်။ ဒါကြောင့်လည်း ဒေသတွင်း လူ့အခွင့်အရေး အခြေအနေကို မျက်ကွယ်ပြုမှာ ဒီမိုကရေစီရေးအတွက် ဆုတ်ယုတ်မှု တခုဖြစ်မှာကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတိပေးပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]





============

XS
SM
MD
LG