[[Zawgyi/Unicode]]
အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၂၁ ရက် အစောဆုံးထားပြီး ထိုးခွင့်ပြုနိုင်တယ်လို့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အိမ်ဖြူတော်တာဝန်ရှိသူက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
Pfizer နဲ့ Moderna ကိုဗစ်ကာကွယ်ဆေးတွေက ၅ နှစ်အောက် ကလေးငယ်တွေနဲ့ သင့်တော်သလားဆိုတာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA နဲ့ ရောဂါကာကွယ်ထိန်းချပ်ရေးဌာန CDC တို့က သုံးသပ်နေကြပါတယ်။ အဲဒီဌာန ၂ ခုက ခွင့်ပြုပြီဆိုတာနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးနိုင်မှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကိုဗစ်ကပ်ရောဂါတုံ့ပြန်ရေး ညှိုနှိုင်းရေးမှူး Dr. Ashish Jha ကပြောကြားခဲ့တာပါ။ ကလေးဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့စင်တာတွေအနေနဲ့ ကာကွယ်ဆေးတွေကို ဒီနေ့ သောကြာနေ့ကစပြီး မှာယူထားနိုင်ပြီး FDA ရဲ့ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်း ပို့ဆောင်ပေးမယ်လို့ သူကပြောပါတယ်။
ပြည်ထောင်စုအစိုးရဘက်က ဆေး ၁၀ သန်းကို ချက်ချင်းပို့ပေးနိုင်ဖို့ အသင့်ပြင်ထားတယ်လု့ိ ပြောကြားခဲ့ပါတယ်။ ၅ နှစ်အောက်ကလေးတွေ ဆေးထိုးနိုင်ပြီလို့ CDC ကခွင့်ပြုလိုက်တာနဲ့ ကလေးငယ်တွေ ဆေးစထိုးနိုင်မှာဖြစ်တယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Dr. Jha ကပြောကြားခဲ့ပါတယ်။ ဇွန်၂၁ ရက်နေ့က စတင်ပြီး ကလေးတွေ ဆေးစထိုးနိုင်ကြလိမ့်မယ်လု့ိ သူက ခန့်မှန်းထားပါတယ်။
လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်နဲ့အထက် ကလေးငယ်တွေပဲ ကိုဗစ်ကာကွယ်ဆေး ၂ လုံးအပြင် အားဖြည့်ကိုဗစ်ကာကွယ်ဆေးပါ ထိုးခွင့်ရထားတာဖြစ်ပါတယ်။
===========
[[Unicode]]
===========