[[Zawgyi/Unicode]]
လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ရှစ်နှစ်မြောက် နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံက ဦးဆောင်ပြီး Mysuru မြို့မှာ အင်္ဂါနေ့က ကျင်းပပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း နိုင်ငံတောင်ပိုင်းက ကာနာတာကာ (Karnataka) ပြည်နယ်မှာ Yoga လို့ နိုင်ငံတကာမှာသိကြတဲ့ ယောဂီကျင့်စဉ်ကို ပါဝင် ကျင့်ခဲ့ပါတယ်။
ရာသီဥတုအပြောင်းအလဲနဲ့ ပဋိပက္ခတွေလို ကမ္ဘာတဝှမ်း စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ ယောဂကျင့်စဉ်ဟာ ကျွမ်းကျင်လိမ္မာ၊ အသိစိတ်ဓာတ်ပြည့်ဝစေပြီး၊ မေတ္တာ ဂရုဏာ ပွါးများစေပါတယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။
ဒီနှစ် ယောဂကျင့်စဉ်နေ့အတွက် ဆောင်ပုဒ်ကတော့ လူသားမျိုးနွယ်အတွက် ယောဂကျင့်စဉ် ဖြစ်ပါတယ်။
ဒီနေ့ အထိမ်းအမှတ်အဖြစ် ဆီးနှင်းဖုံးလွှမ်းနေတဲ့ တောင်တွေပေါ်မှာ တာဝန်ကျနေကြတဲ့ စစ်သားတွေဟာလည်း ယောဂကျင့်စဉ်ကို ကျင့်ခဲ့ကြပါတယ်။
===========
[[Unicode]]
===========