[[Zawgyi/Unicode]]
ဆော်ဒီအာရေဗျကိုရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သောကြာနေ့မှာပဲ အာရပ်နိုင်ငံခေါင်းဆောင်တွေနဲ့ ထိပ်သီးစည်းဝေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ သမ္မတရှီရဲ့ ၃ ရက်ကြာ ခရီးစဉ်နောက်ဆုံးတတိယနေ့မှာပဲ အာရပ်ခေါင်းဆောင်တွေနဲ့ ခုလိုတွေ့ဆုံခဲ့ကြတာပါ။
ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရေး တရုတ်နဲ့ ဆော်ဒီအာရေဗျကြားမှာလည်း သဘောတူညီချက်အတော်များများ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိပ်တန်းရေနံထုတ်လုပ်တင်ပို့နေတဲ့ ဆော်ဒီအာရေဗျနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန်မှာ တရုတ်သမ္မတရှီ ခုလို ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
ဒါဟာ Covid 19 ကပ်ရောဂါစတင်ခဲ့တဲ့နောက်ပိုင်း တရုတ်သမ္မတရဲ့ တတိယမြောက် နိုင်ငံပြင်ပ ခရီးစဉ်လည်းဖြစ်ပါတယ်။ ဆော်ဒီအာရေဗျဘုရင် King Salman နဲ့သားဖြစ်သူ အိမ်ရှေ့စံမင်းသား၊ အသက် ၃၇ နှစ်အရွယ် Mohammed bin Salman တို့နဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတရှီက ရေနံဈေးကွက်တည်ငြိမ်ရေး အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ကြတာပါ။
ယူကရိန်းကို ရုရှားကကျူးကျော်စစ်ဆင်နွှဲနေတဲ့အတွက် လောင်စာဆီဈေးတွေ ထိုးတက်နေတာကြောင့် ရေနံလိုအပ်ချက်တွေဖြည့်တင်းနိုင်ရေး ဆော်ဒီနိုင်ငံရဲ့ရေနံထုတ်လုပ်မှုတိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတဲ့အတွက် နှစ်နိုင်ငံကြား သဘောားကွဲလွဲမှုတွပေါ်ပေါက်နေတာလည်းဖြစ်ပါတယ်။ သမ္မတရှီရဲ့ ဆော်ဒီအာရေဗျခရီးစဉ်အတွင်း အိမ်ယာလုပ်ငန်းကနေ တရုတ်ဘာသာစကားသင်ကြားရေးအပါအဝင် သဘောတူညီမှုပေါင်း ၄၆ ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။
=======================
[[Unicode]]