သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပိုမို ပြင်းထန်တဲ့ အရေးယူမှုတွေချမှတ်ဖို့ HRW တိုက်တွန်း  


HRW logo
HRW logo

[[Zawgyi/Unicode]]

နိုဝင်ဘာလအတွင်း အာရှဒေသမှာကျင်းပမယ့် ထိပ်သီးညီလာခံတွေ တက်ရောက်မယ့် နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုမို ထိရောက် ပြင်းထန်တဲ့အရေးယူမှုတွေ ချမှတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch အဖွဲ့က ဒီနေ့ တောင်းဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေရရှိမယ့် လမ်းကြောင်းတွေကိုပိတ်ပင်ပြီး မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုနဲ့ လေယာဉ်ဆီတင်သွင်းတာ ပိတ်ပင်အရေးယူဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က တိုက်တွန်းထားတာပါ။

နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီးအစည်းအဝေးနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန် စတဲ့ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ အစည်းအ‌ဝေးတွေ ဆက်တိုက် ကျင်းပပါလိမ့်မယ်။ နောက်သီတင်းပတ်မှာပဲ အင်ဒိုနီးရှားနိုင်ငံမှာ စီးပွားရေး အင်အားကောင်းတဲ့ G20 နိုင်ငံတွေရဲ့အစည်းအ‌ဝေး ကျင်းပမှာဖြစ်ပြီး ဆက်တိုက်ဆိုသလို ထိုင်းနိုင်ငံမှာ အာရှ ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC အစည်းအ‌ဝေး ကျင်းပပါလိမ့်မယ်။

မြန်မာစစ်ကောင်စီအပေါ် ဆန့်ကျင်ရှုတ်ချရုံလောက်နဲ့ သူတို့ ပြုမူနေတာတွေ ပြောင်းလဲသွားမယ်လို့ မျှော်လင့်လို့မရတဲ့အကြောင်းနဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လိုအပ်တဲ့အကြောင်း လူ့အခွင့်အရေးစာင့်ကြည့်အရေးအဖွဲ့ အာရှဒါရိုက်တာ Elaine Pearson က အစည်းအဝေးတွေတက်ရောက်မယ့် နိုင်ငံတကာ ခေါင်းဆောင်တွေကို ပြောဆိုပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့သန္နိဌာန်ဖြစ်တဲ့ပြည်သူကို အဓိကထားတဲ့၊ ပြည်သူကိုဗဟိုပြုတဲ့အဖွဲ့အစည်းဖြစ်လာဖို့ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းဖို့လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုပါတယ်။ မြန်မာစစ်ကောင်စီကတော့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို ဆုံးဖြတ်တာကို ခွဲခြားဆက်ဆံမှုအဖြစ် ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG