[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်ကိုပြင်ပေးဖို့ ထင်ရှားတဲ့လူ့အခွင့်အရေးလှုပ်ရှားသူတွေ မနေ့က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုနေပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး တရားစွဲခွင့်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံ အခြေခံဥပဒေတရားရုံးကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဗုဒ္ဓဟူးနေ့က တင်ပြထားတာပါ။
အင်ဒိုနီးရှားနိုင်ငံရဲ့အခြေခံဥပဒေမှာ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေအကြောင်း ထုတ်ဖေါ်ပြောဆိုခွင့်ပေးထားပါတယ်။ ဒါပေမယ့်လည်း တရားစွဲမယ် ဆိုရင် အင်ဒိုနီးရှားနိုင်ငံသားတွေကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုပဲ နိုင်ငံအတွင်းမှာ တရားစွဲဆိုခွင့်ရှိတယ်ဆိုပြီး ကန့်သတ်ထားပါတယ်။ ဒါကြောင့်လည်း ကန့်သတ်ချက်ကိုပြင်ပေးမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးနိုင်မှာဖြစ်သလို မြန်မာစစ်ကောင်စီကို အင်ဒိုနီးရှားမှာ တရားစွဲခွင့်ရမယ်လို့ယုံကြည်တဲ့အကြောင်း ဦးဆောင်လက်မှတ်ရေးထိုး တောင်းဆိုသူတဦးဖြစ်တဲ့ ရှေ့နေချုပ် Marzuki Darusman က ပြောဆိုပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံက စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်တွေအပေါ် စစ်ဆေးအရေးယူဖို့ အဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးမှာလည်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုထားပါတယ်။
===========
[[Unicode]]