သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်းအထူးတရားရုံးကြားနာမှုတွေ ၂ ပတ်ရပ်ထား 


အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

[[Zawgyi/Unicode]]

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဗုဒ္ဓဟူးနေ့၊ မနေ့က ပါဆယ်ထုပ်လက်ခံတဲ့နေရာ ဗုံးပေါက်ကွဲမှုနဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အင်းစိန်ထောင် အထူးတရားရုံး ရုံးထုတ်စစ်ဆေးတာတွေကို အာဏာပိုင်တွေဘက်က ၂ ပတ် ရပ်နားထားလိုက်တဲ့အကြောင်း တရားရေးသတင်းရပ်ကွက်က VOA ကို ပြောပါတယ်။

မနေ့က အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက်အနားမှာရှိတဲ့ ထောင်ဝင်စာပါဆယ်ပို့တဲ့နေရာမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ထောင်ဝင်စာလာပို့သူ မိသားစုဝင် ၅ ဦးအပါအဝင် လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ရသလို ၁၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အကျဉ်းချခံနေရတဲ့ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်ခေါ် မေမေကြည် သေဆုံးခဲ့ပါတယ်။

အထူးတရားရုံး ရုံးထုတ်စစ်ဆေးတာတွေကို ရပ်နားထားမှာဖြစ်တာကြောင့် နိုင်ငံရေးမှုနဲ့ ဆက်နွယ်သူတွေကို ကြားနာစစ်ဆေးနေတဲ့ အထူးတရားရုံး အမှုတွေထဲက တခုဖြစ်တဲ့ VOA မြန်မာပိုင်းအစီအစဉ်ရဲ့ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ ရုံးချိန်း ပြောင်းလဲလိုက်တဲ့အကြောင်း အမည်မဖေါ်လိုတဲ့ တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။ ဉီးစည်သူအောင်မြင့်အပေါ် တပ်မတော် ပြိုကွဲ အကြည်ညိုပျက်အောင် လှုံ့ဆော် လုပ်ဆောင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့အမှုအတွက် အောက်တိုဘာလဆန်းတုန်းက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပါတယ်။

အထူးတရားရုံး ကြားနာစစ်ဆေးမှုတွေနဲ့ စီရင်ချက်ချတာတွေမှာ သတင်းမီဒီယာတွေအပါအဝင် ပြင်ပလူတွေ လာရောက်ခွင့် မရှိသလို ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်လို့ ပြောဆိုခွင့် စစ်ကောင်စီဘက်က ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG