သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဝန်ကြီးအဆင့်စည်းဝေးပွဲမှာ မြန်မာ့အရေး ပုံစံပြောင်းလုပ်ဆောင်ရေး ဆုံးဖြတ်ကြမလား


asean flags (asean.org)
asean flags (asean.org)


[[Zawgyi/Unicode]]

ဒီအပတ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအပေါ် တင်းတင်းမာမာအရေးယူဖို့ တွန်းကြရာမှာ မလေးရှားက ဦးဆောင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

သြဂုတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာစတင်မယ့် အာဆီယံရဲ့ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင့်ဝန်ကြီးတွေ တက်ရောက်ခွင့် ပိတ်ပင်ဖို့နဲ့ အဆုံးသတ်လုပ်ငန်းစဉ်အတွက် မူဘောင်တရပ်ရှာဖွေဖို့ မလေးရှား နိုင်ငံက အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သူ့ရဲ့ ဖေ့ဘွတ် လူမှုစာမျက်နှာမှာ ၂၉ ရက်နေ့က တင်ထားခဲ့ပါတယ်။

အာဆီယံကချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ် တိုးတက်မှုမရှိတာအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

သဘောတူညီချက် ၅ ရပ် ရဲ့ အဆုံးသတ် ကစားပွဲကဘာလဲလို့လည်း သူက AFP သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီ သဘောတူညီချက် ၅ ရပ် ဆုံးဖြတ်ချက်အတိုင်း ဆက်သွားမလား။ တိုးတက်အောင်လုပ်မလား။ အသစ်တခုကို ဖန်တီးမလားလို့ မစ္စတာ Saifuddin က လူမှု စာမျက်နှာမှာလည်း မေးထားခဲ့တာပါ။

ဒါပေမယ့် အာဆီယံကနေ မြန်မာနိုင်ငံကိုထုတ်ပစ်ဖို့အထိတော့ ဘယ်တိုင်းပြည် ကမှ တောင်းဆိုမယ်လို့ မျှော်လင့်မထားပါဘူးလို့ အကြီးတန်း အာဆီယံသံတမန်တဦးက AFP ကို ပြောပါတယ်။

NLD အမတ် ဦးဖြိုးဇေယျာသော်၊ ထင်ရှားတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို အရင်အပတ်က ကွပ်မျက်ခဲ့တဲ့အပေါ် အာဆီယံက ရှုတ်ချခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==================
[[Unicode]]








XS
SM
MD
LG