ငြိမ်းချမ်းရေးညီလာခံနောက်ဆုံးနေ့
Your browser doesn’t support HTML5
၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကျော့ဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒုတိယအကျော့ ညီလာခံကိုတော့ နောက် ၆ လအကြာမှာ ကျင်းပဖို့ ရှိပြီး၊ ဒီကြားထဲမှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခု ညီလာခံအတွင်း တင်ပြချက်တွေဟာ ပွင့်ပွင့်လင်းလင်းရှိသလို၊ အပြန်အလှန်ဝေဖန်မှူတွေလည်း ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေအတွက်ရှိနေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ရှေ့ကပဲဖြြစ်ဖစ် နောက်ကပဲ ဖြစ်ဖြစ် ရပ်တည်ပြီး ဖေးမလက်တွဲဆောင်ရွက်သွားပါ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးသွားပါတယ်။ နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာရောက်နေတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။