တရားမဝင်ရောင်းချတဲ့ ကချင်မြေမှသယံဇာတ
Your browser doesn’t support HTML5
ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ကချင်ဒေသမှာထွက်နေတဲ့ ကျောက်စိမ်းနဲ့ အခြားသယံဇာတ ထုတ်ယူသုံးစွဲရေး ကိစ္စတွေနဲ့ ဆက်စပ်နေပြီး၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖေါ်ခွင့်ကို တရားဝင် ခွင့်ပြုထားပေမယ့် ကေ ျာက်တူးဖေါ်ရေး ကုမ္ပဏီတွေဟာ မှောင်ခိုလမ်းကြောင်းကတဆင့် တရုတ်နယ်စပ်ဖက်မှာ ရောင်းဝယ်မှုတွေ လုပ်နေတယ်လို့ ဒေသတွင်း သယံဇာတထုတ်ယူသုံးစွဲမှု စောင့်ကြည့်နေတဲ့ KDNG ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က ကိုဆာဂျီးက ပြောပါတယ်။ ကချင်ဒေသက သယံဇာတတွေကို အလွန်အကျွံ ထုတ်ယူနေပေမယ့် ဒေသခံတွေ အကျိုးခံစားခွင့် မရှိဘူးလို့ သူကပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်နိုင်ဖို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံတဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်အတွင်း ကိုဆာဂျီးက ပြောဆိုလိုက်တာပါ။ ကိုဆာဂျီးကို VOA ရုံးချုပ်မှာ ကိုဉာဏ်ဝင်းအောင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။