ခွေးနဲ့ ကလေးကျန်းမာရေး

Your browser doesn’t support HTML5

ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ ကလေးငယ်တွေဟာ နေ့စဉ်ပုံလှုပ်ရှားမှုတွေမှာ အပြောင်းအလဲ တခုခုနဲ့ ကြုံရတဲ့အခါမျိုးကို သဘောမကျတတ်ကြပါဘူး။ ဆရာဝန်နဲ့တွေ့တာ၊ သွားဆေးခန်းသွားရတာလို အခြေအနေမျိုးတွေ အပါအဝင် နိစ္စဓူဝ လုပ်နေကြ မဟုတ်တဲ့ ကိစ္စမျိုးတွေကို လိုလိုလားလား လက်ခံဖို့ ခက်ခဲလေ့ရှိပါတယ်။ ချီလီနိုင်ငံမှာတော့ ခွေးသင်တန်းဆရာ တယောက်ရဲ့ အကူအညီနဲ့ ဆေးခန်းမှာ ကလေးတွေကို စိတ်သက်သာရရအောင် လုပ်ပေးနေတာကြောင့် ဒီလိုကလေးတွေကို ဆေးကုသမှုမှာ အထောက်အကူ ရနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် George Putic ရဲ့ သတင်းဆောင်းပါးကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။