အာတိတ်ဒေသလွှမ်းမိုးရေး ရုရှားပြင်ဆင်

Your browser doesn’t support HTML5

ရုရှားအစိုးရဟာ အာတိတ်ဒေသမှာ သူ့ရဲ့ တည်ရှိမှုကို တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။ စစ်အေးခေတ်ပြီးဆုံးကတည်းက မရှိခဲ့ဖူးတဲ့ ရုရှားရဲ့ စီးပွားရေး၊ စစ်ရေးလှုပ်ရှားမှု တွေ အာတိတ်ဒေသမှာ တွေ့နေရပြီ လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက သတိပေးနေပါတယ်။ အာတိတ်ကုန်တင်သေတ္တာ သင်္ဘော လမ်းကြောင်းက တဆင့် ရုရှား ဆိပ်ကမ်းတွေ နဲ့ တရုတ် ဆက်သွယ်မှုတွေကို ဒီနှစ်ထဲမှာ သိသိသာသာတိုးချဲ့သွားမယ်လို့လည်း ရုရှားသမ္မတ Vladmir Putin က ပြောထားပါတယ်။ အဆင့်မြင့် ရေခဲခွဲ သင်္ဘောကြီးတွေဆောက်နေတာကို ကြည့်ရင် ရုရှားရဲ့ ကြိုးပမ်းမှုတွေကို သိနိုင်တဲ့အကြောင်း စိန့်ပီတာမြို့ကနေ Ricardo Marquina သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။