ဘုရားဖူးရာသီ စည်ကားနေတဲ့ မက္ကာ

Your browser doesn’t support HTML5

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးသူ တသန်းလောက်နဲ့ စည်ကားနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့ပြီးနောက်ပိုင်း တနှစ်တခါကျင်းပတဲ့ မက္ကာ ဘုရားဖူးပွဲတော်က ခုလိုပြန်ပြီး စည်းကားလာတာပါ။

ကဏ္ဍငါးခုထဲက တစ်ခုဖြစ်တဲ့ မက္ကာက Hajj ဝတ်ပြုပွဲကို မွတ်ဆလင်တိုင်း တသက်မှာတခါလောက်တော့သွားနိုင်ဖို့ မျှော်လင့်ဆုတောင်းကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေအတွက် အထွတ်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာမြို့မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားဧည့်သည် ခန့်မှန်းခြေ တသန်းလောက် Hajj ဘုရားဖူးလာကြတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့