ရုရှားနိုင်ငံထုတ် ရေနံဈေးနှုန်း ကန့်သတ်ဖို့ G-7 အဖွဲ့ သဘောတူ
Your browser doesn’t support HTML5
ယူကရိန်းအပေါ် ကျုးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ဝင်ငွေဖြတ်တောက်ဖို့ ရည်ရွယ်ပြီး၊ ရုရှားနိုင်ငံကထွက်တဲ့ ရေနံတွေကို ဈေးနှုန်းတွေ ကန့်သတ်ဖို့နဲ့ တချိန်တည်းမှာ စက်သုံးဆီဈေးနှုန်းတွေ မတက်ဖို့ လောင်စာဆီမပြတ်အောင်လုပ်ဖို့ အစီအစဉ်တရပ်ကို ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့က သဘောတူလိုက်ကြပါတယ်။