ဂျပန်မှာ လက်ရှိရောင်းချနေဖြစ်ပြီး အမေရိကန်မှာတော့ ပိုမိုသေးငယ်တဲ့ အမျိုးအစားကို ၂၀၂၃ခုနှစ် စတင်ရောင်းချဖို့ စီစဉ်နေကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ ခန့်မှန်းချေဈေးကိုတော့ ဒေါ်လာ ၇၇၇၀၀၀ သတ်မှတ်ထားပြီး၊ ၂၀၂၅ခုနှစ်လောက်မှာတော့ ပိုသေးငယ်တဲ့ လျှပ်စစ်သုံးအမျိုးအစားကို ဒေါ်လာ ၅၀၀၀၀ လောက်နဲ့ ရောင်းချဖို့ မျှော်လင့်ကြောင်းလည်း သူကဆိုပါတယ်။
ဂျပန်ရဲ့ ဆိုင်ကယ်ပျံ အမေရိကန်ဈေးကွက်ကိုမိတ်ဆက်
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ဒက်ထရွိုက်ကားပြပွဲအတွင်း ၂၀၂၂ စက်တင်ဘာ ၁၅နေ့က လေပေါ်ပျံနိုင်တဲ့ မော်တော်ဆိုင်ကယ်ကို အမေရိကန်မှာ ပထမဆုံးအနေနဲ့ မိတ်ဆက်လိုက်ပါတယ်။ XTURISMO hoverbike လို့ခေါ်တဲ့ ဒီဆိုင်ကယ်ဟာ မိနစ် ၄၀ကြာပျံသန်းချိန်နဲ့ ၁နာရီ ၆၂မိုင်နှုန်းအထိမောင်းနှင်းနိုင်ပါတယ်။