ဥတုရာသီအရေးဆန္ဒပြသူတချို့ လန်ဒန်အဆောက်အုံတွေကို ဆေးနဲ့ဖြန်း

Your browser doesn’t support HTML5

ဥတုရာသီအရေးတက်ကြွလှုပ်ရှားတဲ့ Just Stop Oil အဖွဲ့က အဖွဲ့ဝင်တွေဟာ ၂၀၂၂ အောက်တိုဘာ ၃၁ရက်နေ့က လန်ဒန်မြို့မှာရှိတဲ့ အထင်ကရအဆောက်အအုံအများအပြားကို လိမ္မော်ရောင်ဆေးနဲ့ ပက်ဖြန်းခဲ့ပါတယ်။

ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကို ထိန်းသိမ်းထောက်ခံနေတဲ့ ထောက်တိုင်တွေဖြစ်တဲ့ အစိုးရ၊ လုံခြုံရေး၊ ဘဏ္ဍာရေးနဲ့ မီဒီယာကို ကိုယ်စားပြုတဲ့ အဆောက်အအုံတွေကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။