နောက်ထပ်ငါးနှစ်အတွင်းမှာ ကမ္ဘာကြီးဟာ စက်မှုခေတ်မရောက်ခင်အချိန်က အပူချိန်ထက် ၁.၅ ဒီဂရီ ဆဲလ်စီယပ် ပိုမြင့်သွားဖို့ ၅၀% ရှိနေတယ်ဆိုတဲ့အကြောင်း အသိပေးလှုံ့ဆော်မှုတခုဖြစ်ပါတယ်။ ဒီအချက်အလက်ကို ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ၂၀၂၂ မေလမှာ ထုတ်ပြန်ခဲ့တာပါ။
မက်ဒရစ်ပြတိုက်မှာ ဥတုရာသီအရေးဆန္ဒပြ
Your browser doesn’t support HTML5
ဥတုရာသီအရေးတက်ကြွလှုပ်ရှားသူ ၂ဦးဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့က အယ်လ်ပရာဒိုပြတိုက်မှာရှိတဲ့ ပန်းချီဆရာ ဖရန်စစ္စကိုဂိုရာရဲ့ ပန်းချီကားဘောင်တွေပေါ် သူတို့လက်တွေကို ကော်ကပ်လိုက်ကြပါတယ်။ ပန်းချီကားနှစ်ချပ်ကြားက နံရံမှာတော့ "၁.၅ ဒီဂရီ ဆဲလ်စီယပ်" လို့မှုတ်ဆေးနဲ့ ဖြန်းခဲ့ပါတယ်။