၂၀၂၂ အမေရိကန်ဂီတဆုပေးပွဲမှာ တေလာဆွစ်ဆု(၆)ဆုရရှိ
Your browser doesn’t support HTML5
နာမည်ကြီးအမေရိကန်အမျိုးသမီးအဆိုတော် တေလာဆွစ်တယောက် တနင်္ဂနွေနေ့ကကျင်းပတဲ့ အမေရိကန်ဂီတဆုပေးပွဲ (AMA)မှာ အမြင့်ဆုံးဆုဖြစ်တဲ့ တနှစ်တာအကောင်းဆုံးအနုပညာရှင်ဆုအပါအဝင် ဆု(၆)ဆု ဆွတ်ခူးရရှိသွားပါတယ်။ အခုရရှိခဲ့တဲ့ ၆ ဆုနဲ့ဆိုရင် အသက် (၃၂)နှစ်အရွယ် သူမဟာ အခုချိန်ထိ AMA ဆုစုစုပေါင်း ၄၀ ရရှိခဲ့ပြီဖြစ်ပါတယ်။