ခရစ္စမတ်နေ့ နှင်းမုန်တိုင်းကြောင့် ၁၂ ဦးသေဆုံး

Your browser doesn’t support HTML5

နယူးယောက်ပြည်နယ် မြောက်ပိုင်း ဘတ်ဖဲလိုမြို့မှာ ဟာရီကိန်းမုန်တိုင်းလို လေပြင်းတိုက်ခိုက်မှုနဲ့အတူ ဆီးနှင်းတွေ ဖုံးလွှမ်းနေတာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဒီမြို့မှာ မြန်မာပြည်ကနေလာရောက်အေချေချနေထိုင်သူ ၃၀၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ယာဉ်မောင်းတွေ လမ်းမှာပိတ်မိနေတာ၊ ထောင်နဲ့ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီးပြတ်တောက်သွားတာတွေနဲ့ ကူညီကယ်ဆယ်ရေး သမားတွေ အချိန်မီမသွားနိုင်တာကြောင့် လက်ရှိ သေဆုံးရသူ ၁၂ ဦးရှိနေပြီး ဒီထက်တိုးလာနိုင်ပါတယ်။