နှင်းမုန်တိုင်းအပြီး ရဲတွေ နှင်းဖုံးကားတွေရွှေ့၊ ရိက္ခာလိုက်ဝေ

Your browser doesn’t support HTML5

ခရစ္စမတ်နေ့မတိုင်ခင် ၂ ရက် ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တိုက်ခတ်တဲ့ အဆိုးရွားဆုံး ဆီးနှင်းမုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ အများဆုံး ရှိတဲ့ မြို့တမြို့ဖြစ်တဲ့ ဘတ်ဖလိုးမြို့တခုလုံး လုံးဝလှုပ်မရဖြစ်နေခဲ့တာပါ။

ဒီရာသီဥတုဒဏ်ကြောင့် နိုင်ငံတလွှား လူ အယောက် ၆၀ မက သေဆုံးခဲ့ရပါတယ်။ နှင်းရပ်သွားတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူတွေ ရှင်းလင်း ကူညီရေးတွေ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။